
(ပြည်တွင်း) ဧပြီ ၂၄
ဗီယက်နမ်ဘုန်းတော်ကြီးမှ မန္တလေးငလျင်ကြီးဒဏ်ကြောင့် ပျက်စီးမှုများဖြစ်ပေါ်ခဲ့တဲ့ စစ်ကိုင်းတောင်ရိုးပေါ် မှ ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်းများ ပြန်လည် ပြုပြင်ရန် ဧပြီလ ၂၂ ရက်က ငွေကျပ်သိန်း ၃,၅၀၀ ကို မတည်လှူဒါန်းခဲ့ကြောင်း သိရပါတယ်။
IBEC ပညာရေးစင်တာကို အလှူငွေကျပ်သိန်း ၅၀၀ ၊ ရတနာသိင်္ဂီသီလရှင်ကျောင်းကို အလှူငွေကျပ်သိန်း ၅၀၀၊ အောင်မြေဦးဘုန်းတော်ကြီး သင်ပညာရေးကျောင်းကို အလှူငွေကျပ်သိန်း ၅၀၀၊ ဇိနောဒယပရိယတ္တိ စာသင်တိုက်ကို အလှူငွေကျပ်သိန်း ၅၀၀၊ ရွှေဟင်္သာတိုက်သစ်ကို အလှူငွေကျပ်သိန်း ၅၀၀၊ သုတေသကသီလရှင် စာသင်တိုက်အား အလှူငွေ ကျပ်သိန်း ၅၀၀၊ မဟာသုဗောဓာရုံစာသင်တိုက်အား အလှူငွေကျပ်သိန်း ၂၅၀ နှင့် မြစကြာစာသင်တိုက်အား အလှူငွေကျပ်သိန်း ၂၅၀ တို့ကို ဗီယက်နမ်ဘုန်းတော်ကြီးက မတည်လှူဒါန်းပေးခဲ့ကြောင်း သိရပါတယ်။
ဗီယက်နမ်ဘုန်းတော်ကြီးက မန္တလေးငလျင်ကြီးဒဏ်ကြောင့် ပျက်စီးမှုများဖြစ်ပေါ်ခဲ့တဲ့ ဘုန်းတော်ကြီး ကျောင်းများနှင့် သီလရှင်ကျောင်းများကို ပြန်လည်ပြုပြင်မှုများပြုလုပ်ရန် မတည်လှူဒါန်းမှုများဆက်လက်ပြုလုပ် သွားမည် ဖြစ်ကြောင်း သိရပါတယ်။