မြန်မာနိုင်ငံငလျင်အတွက် ဘတ်နှစ်သိန်း လှူဒါန်းခဲ့တဲ့ ဘန်ကောက်အက်ဖ်စီအသင်း


(အားကစား) ဧပြီ ၂၂

မြန်မာနိုင်ငံငလျင်အတွက် ဘန်ကောက်အက်ဖ်စီက ဘတ်နှစ်သိန်းကို လှူဒါန်းခဲ့ကြောင်း ဧပြီလ ၂၁ ရက်က အသိပေးထုတ်ပြန်ထားပါတယ်။

အဆိုပါလှူဒါန်းငွေ ဘတ်နှစ်သိန်းကို ဧပြီလ ၂၀ ရက်မှာ ကစားခဲ့တဲ့ ထိုင်းလိဂ်-၂ ပွဲစဉ်အတွင်း ဘန်ကောက် အက်ဖ်စီအသင်းရဲ့ မြန်မာနောက်ခံကစားသမား ဇော်မင်းထွန်း က မြန်မာ့လက်ရွေးစင်အသင်းရဲ့ ဂျာမနီလူမျိုး ဂိုးနည်းပြ မိုက်ကယ်ထံသို့ ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။

အခုလှူဒါန်းမှုက ထိုင်းလိဂ်-၂ ကလပ်မှာ ယှဉ်ပြိုင်ကစားနေတဲ့ ဘန်ကောက်အက်ဖ်စီအသင်း၏ ကွင်းဝင်ကြေး များအပါအဝင် အသင်းပိုင်ရှင်၊ ကစားသမားနှင့် အသင်းပရိသတ်များရဲ့ လှူဒါန်းငွေများဖြစ်ကြောင်း သိရပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN