ပရီးမီးယားလိဂ်ကို တန်းတက်ခွင့်ရရှိခဲ့ပြီဖြစ်တဲ့ လိဒ်စ်အသင်းနဲ့ ဘန်လေအသင်း


(အားကစား) ဧပြီ ၂၂

ဧပြီလ ၂၁ ရက်ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ လိဂ်ချန်ပီယံရှစ် ပွဲစဉ် (၄၄) အပြီးမှာ လိဒ်စ်အသင်းနှင့် ဘန်လေ အသင်းတို့ ပရီးမီးယားလိဂ်သို့ တန်းတက်ခွင့်ရရှိရန် သေချာသလောက်ရှိနေပြီဖြစ်ကြောင်း သိရပါတယ်။

ယခုပွဲစဉ်မှာ နှစ်သင်းစလုံး အနိုင်ရရှိခဲ့ပြီး တတိယနေရာမှ ရှက်ဖီးယူနိုက်တက်အသင်းကို နှစ်ပွဲအလိုမှာ ၈ မှတ် ဖြတ်ထားနိုင်ခဲ့တဲ့အတွက် ပရီးမီးယားလိဂ်သို့ တိုက်ရိုက်တန်းတက်ခွင့်ရရှိခဲ့ပြီ ဖြစ်ပါတယ်။

ပရီးမီးယားလိဂ်ရဲ့ အမှတ်ပေးဇယားမှာတော့ အစ်ဝှစ်အသင်း၊ လက်စတာအသင်းနှင့် ဆောက်သမ်တန်အသင်း တို့ဟာ တန်းဆင်းဇုံမှာ ကျရောက်နေပြီး တန်းဆင်းရန် သေချာသလောက်ရှိနေတာ ဖြစ်ပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN