ဒဏ်ရာထပ်မံရရှိခဲ့ပြန်တဲ့ နေမာ


(အားကစား) ဧပြီ ၁၈

ဘရာဇီးကလပ် ဆန်းတို့စ်အသင်းသို့ ပြန်လည်ရောက်ရှိနေတဲ့ တိုက်စစ်ကစားသမား နေမာ အနေနဲ့ ဒဏ်ရာထပ်မံ ရရှိခဲ့ကြောင်း သိရပါတယ်။

အသက် ၃၃ နှစ်အရွယ် နေမာ ဟာ ယခုရာသီမှာ ဘရာဇီးလ်စီးရီးအေချန်ပီယံရှစ်ပြိုင်ပွဲတွင် ပထမဆုံး ပွဲထွက်ကစားခွင့်ရရှိခဲ့တဲ့ပွဲ၌ ၃၄ မိနစ်သာ ကစားခဲ့ရကာ ခြေထောက်ဒဏ်ရာရခဲ့သဖြင့် ကွင်းအတွင်းမှ ထွက်ခွာခဲ့ရ ပါတယ်။

နေမာ အနေနဲ့ ပေါင်ဒဏ်ရာကြောင့် ခြောက်ပတ်ကြာ အနားယူခဲ့ရပြီးနောက် ပြီးခဲ့တဲ့တနင်္ဂနွေနေ့ကမှ ဖလူမင်နိစ်အသင်းနှင့်ပွဲတွင် ပြန်ကစားနိုင်ခြင်းဖြစ်ပါတယ်။

ပြီးခဲ့သည့်ဗုဒ္ဓဟူးနေ့က ကစားခဲ့တဲ့ Atletico-MG နှင့်ပွဲစဉ်မှာ ဒဏ်ရာထပ်မံရရှိခဲ့တာဖြစ်ပါတယ်။

ဒဏ်ရာအခြေအနေကို စစ်ဆေးနေဆဲဖြစ်ပြီး ကာလရှည်အနားယူရမယ့် ဒဏ်ရာမဖြစ်စေဖို့ ဆုတောင်းရမှာ ဖြစ်ကြောင်း ဆန်းတို့စ်အသင်းနည်းပြ ဆီဆာဆမ်ပိုင်ယို က ပြောကြားခဲ့ပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN