(ပြည်တွင်း) ဧပြီ ၉

နိုင်ငံတော်အစိုးရအနေဖြင့် ငလျင်ဒဏ်သင့်ဒေသများရှိ ပျက်စီးဆုံးရှုံးမှုများကို အလျင်အမြန် စုံစမ်းစစ်ဆေးပြီး အချိန်နှင့်တစ်ပြေးညီ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက် ရှိသည့်အပြင် ပြည်ပမှလူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများကို လမ်းဖွင့်ပေးထားပြီးဖြစ်ရာ ငလျင်ဒဏ်သင့် ပြည်သူများအတွက် သြစတြေးအစိုးရမှ လှူဒါန်းသည့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီပစ္စည်းများသည် ယမန်နေ့နံနက်ပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ရောက်ရှိလာကြောင်း သိရသည်။
အဆိုပါပစ္စည်းများမှာ ဆိုလာမီးအိမ်များ၊ အိမ်သုံးပစ္စည်းများနှင့် ဆေးဝါးများ (၃၇၄၁၅)Kg ပါဝင်ပြီး ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ရောက်ရှိချိန်တွင် နိုင်ငံခြာ ရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရချထားရေး ဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆိုင်ရာ သြစတြေးလျသံရုံးမှ Changed Affaires ဖြစ်သူ Ms.Angela Jane Corcoran၊ ရန်ကုန်မြို့ရှိ WFP ရုံးမှ Deputy Country Director ဖြစ်သူ Ms. Sheela Matthewတို့က ကြိုဆိုနှုတ်ဆက်ကြကြောင်း သိရသည်။
လူသားချင်းစာနာထောက်ထားမှု အကူအညီပစ္စည်းများအား တပ်မတော်သားများ၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ ဝန်ထမ်းများ၊ ပြည်တွင်းကုန်တင်ကုန်ချ လုပ်သားများက သက်ဆိုင်ရာ မော်တော်ယာဉ်များပေါ်သို့ တင်ဆောင်ပေးပြီး လှိုင်သာယာမြို့နယ်၊ ဘီအိုစီဝန်းရှိ WFP သိုလှောင်ရုံသို့ ဆက်လက်သယ်ဆောင်သွားခဲ့ကြောင်း သတင်းရရှိသည်။
Telegram»…
https://t.me/positiveanglenews