ဘီးလင်းမြိူ့၊ အထွေထွေအုပ်ချုပ်ရေးရုံးကို KNU/PDF မှအဖွဲ့မှ ဒရုန်းဗုံးချ တိုက်ခိုက်


(ပြည်တွင်း) မတ်လ ၂၄

မွန်ပြည်နယ်၊ ဘီးလင်းမြိူ့၊ ဆရာစံရပ်ကွက်၊ ဗိုလ်ချုပ်လမ်းရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံးအရှေ့ ဝင်းခြံစည်းရိုးအုတ်တံတိုင်းအတွင်းသို့ အကြမ်းဖက် KNU/PDF အဖွဲ့မှ ယနေ့ နံနက် ၉ နာရီ ၁၀ မိနစ်အချိန်ခန့်က ဒုန်းယာဉ် ၁ စီးဖြင့် ဗုံးသီး ၁ လုံးပစ်ချခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကြောင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံးအရှေ့ ခြံစည်းရိုးအုတ်တံတိုင်းအနည်းငယ်သာထိခိုက်ခဲ့ပြီး အဆောက်အဉီနှင့် လူထိခိုက်မှုမရှိကြောင်း သိရှိရသည်။

ထိုသို့ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများအား “ငါနှင့်မတူ၊ ငါ့ရန်သူ” ဟူသည့် တစ်ဖက်သတ်အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ အကြောင်းမဲ့ ပစ်ခတ်သတ်ဖြတ်မှု ကျူးလွန်ခဲ့သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင် များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

Telegram»…
https://t.me/positiveanglenews

PAN