နူးကမ့်ကွင်းသစ် ဖွင့်ပွဲအမီ မက်ဆီ ကို ပြန်လည်ခေါ်ယူရန် ဘာစီလိုနာ ဆန္ဒရှိ


(အားကစား) မတ်လ ၂၁

ဘာစီလိုနာအသင်းက ဂန္ထဝင်ကစားသမား မက်ဆီ ကို နူးကမ့်ကွင်းသစ် ဖွင့်ပွဲအမီ အသင်းထံ ပြန်လည်ခေါ်ယူရန် ဆန္ဒရှိနေကြောင်း သိရပါတယ်။

လက်ရှိအချိန်မှာ ဘာစီလိုနာအသင်းက နူးကမ့်ကွင်းကို ပြန်လည်တည်ဆောက်မှု ပြုလုပ်နေတာဖြစ်ပြီး ၂၀၂၆ ဇွန်လမှာ ကွင်းသစ်ဖွင့်ပွဲ ပြုလုပ်ရန် ရည်ရွယ်ထားတာ ဖြစ်ပါတယ်။

မက်ဆီ က လက်ရှိကလပ် အင်တာမိုင်ယာမီ အသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်တဲ့အတွက် ဘာစီလိုနာအသင်းက မက်ဆီ ကို အသင်းထံ ကာလတို စာချုပ်နဲ့ ပြန်လည်ခေါ်ယူရန် ဆန္ဒရှိနေတာ ဖြစ်ပါတယ်။

အသက် ၃၈ နှစ်ရှိပြီဖြစ်တဲ့ မက်ဆီ က ကစားသမားဘဝမှ အနားယူလိုခြင်းမရှိသေးဘဲ ငယ်ဘဝကလပ်အသင်း သို့မဟုတ် ဘာစီလိုနာအသင်းတွင် ကစားသမားဘဝကို ပြန်လည်အဆုံးသတ်ရန် လိုလားနေကြောင်း သိရပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN