(ပြည်တွင်း) မတ်လ ၁၂

စစ်ကိုင်းတိုင်းဒေသကြီး၊ တန့်ဆည်မြို့နယ်အတွင်း နယ်မြေရှင်းလင်းရေဆောင်ရွက်နေသော တပ်မတော်ပူးပေါင်းစစ်ကြောင်းနှင့် အကြမ်းဖက်အဖွဲ့များ ယမန်နေ့ည သန်းခေါင်အချိန်ခန့်က ထိတွေ့တိုက်ပွဲဖြစ်ပွားခဲကြောင်း သိရသည်။
တပ်မတော်ပူးပေါင်းစစ်ကြောင်းနှင့် အကြမ်းဖက်အဖွဲ့အင်အား ၃၀ ဦးခန့်တို့ ယမန်နေ့ည သန်းခေါင်အချိန်ခန့်က တန့်ဆည်မြို့နယ်၊ ဆင်ငယ်ရွာအတွင်း မိနစ် ၃၀ ခန့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး အကြမ်းဖက်အဖွဲ့များ အနောက်မြောက်ဘက်သို့ ဆုတ်ခွာထွက်ပြေးသွားခဲ့ကြကြောင်း သိရသည်။
ဖြစ်စဉ်တွင် တပ်မတော်ပူးပေါင်းအဖွဲ့မှ ၂ ဦး ဒဏ်ရာရရှိပြီး ရန်သူ့ထံမှ အကြမ်းဖက် အလောင်း ၁၁ လောင်း၊ သေနတ် ၈ လက်၊ M-22 သေနတ် ၇ လက်၊ MA-1 သေနတ် ၁ လက်၊ ကျည်မျိုးစုံ ၈၅၀ တောင့်၊ လက်ပစ်ဗုံး ၃ လုံး၊ မိုင်းမျိုးစုံ ၆ လုံး၊ ကျည်ကာ ၂ ထည်၊ ကျည်ကာဦးထုပ် ၁ လုံးတို့အား သိမ်းပိုက်ရရှိခဲကြောင်း သိရသည်။
Telegram»…
https://t.me/positiveanglenews