ဇူလိုင် ၄
ယမန့်နေ့ နံနက် ၄ နာရီခွဲအချိန်ခန့်တွင် စစ်ကိုင်းမြို့၊ တလိုင်းကျေးရွာတွင် အပြစ်မဲ့ပြည်သူများကို အကြောင်းမဲ့ ညှင်းပန်းနှိပ်စက် သတ်ဖြတ်နေသည့် PDF အမည်ခံ အကြမ်းဖက်သောင်းကျန်သူများ ခိုအောင်းနေကြောင်း တာဝန်သိပြည်သူ၏ သတင်းပေးချက်အရ နယ်မြေလုံခြုံရေးတပ်ဖွဲ့ဝင်များက သွား ရောက်ရှာဖွေရှင်းလင်းခဲ့ကြောင်း သိရပါသည်။
ထိုသို့ လုံခြုံရေးအဖွဲ့များ သွားရောက်ရှင်းလင်းစဥ် ၎င်းကျေးရွာရှိ ဘုန်းကြီးကျောင်းအတွင်းမှ လူသတ်အကြမ်းဖက်သောင်းကျန်းသူ PDFများက အကာအကွယ်ယူ၍ လုံခြုံရေးအဖွဲဝင်များအား စတင်ချောင်းမြောင်းပစ်ခတ်ခဲ့ရာ နှစ်ဘက်တိုက်ပွဲ ဖြစ်ပွားခဲ့ပါသည်။
လုံခြုံရေးအဖွဲ့များ၏ ပစ်ခတ်တိုက်ခိုက်မှုကို မခုခံနိုင်သဖြင့် လူသတ်အကြမ်းဖက်သောင်းကျန်းသူ PDF အချို့ထွက်ပြေးသွားကြပြီး အကြမ်းဖက် PDF ၅ ဦးကို အမ်-၂၂ သေ နတ် ၂ လက်၊ လက်လုပ်သေနတ် ၄ လက်၊အမ်-၂၂ ကျည် ၃၈၀ တောင့်၊ ၅.၅၆ ကျည် ၃၀ တောင့်၊ လက်ပစ်ဗုံး ၈ လုံး၊ ကျည်အိမ် ၉ ခု၊ပြောက်ကျားယူနီဖောင်း ၂၁ စုံ၊ မီးခိုးယူနီဖောင်း ၉ စုံ၊ ကား ၁ စီး၊ လက်လုပ်စိန်ပြောင်းဗုံးသီး ၄ လုံး၊ KIA ကျောပိုးအိတ် ၃ လုံး၊ လျှာထိုးဦးထုပ် ၈ လုံး တို့နှင့်အတူ အသေဖမ်းဆီးရမိခဲ့ကြောင်း သိရှိရပါသည်။
ဆက်လက်၍ လုံခြုံရေးအဖွဲ့ဝင်များက ၎င်းဘုန်းကြီးကျောင်းအတွင်းသို့ အသေးစိတ်ရှာဖွေရှင်းလင်းခဲ့ရာ ဆွမ်းစားဆောင်အတွင်းမှ အမ်-၂၂ ကျည် ၁၃၄ တောင့်၊ ကျည်အိမ် ၄ ခု၊ လက်ပစ်ဗုံး ၃ လုံး
တို့အား ထပ်မံ သိမ်းဆည်းရရှိခဲ့ကြောင်းနှင့်လုံခြုံ ရေးအဖွဲ့မှ ထိခိုက်ဒဏ်ရာရသူမရှိကြောင်း သတင်းရရှိပါသည်။
#PAN