(ပြည်တွင်း) မတ်လ ၁

မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီက မန္တလေးမြို့ပေါ် ၆ မြို့နယ်မှ စည်ပင်သာယာနယ်နိမိတ် အတွင်း ဖွင့်လှစ်ဆောင်ရွက်နေလျက်ရှိတဲ့ လုပ်ငန်းများအား လုပ်ငန်းလိုင်စင်များ စိစစ်ခွင့်ပြုဆောင်ရွက်ပေးလျက် ရှိရာ ၂ဝ၂၅-၂ဝ၂၆ ဘဏ္ဍာနှစ်မှစတင်ပြီး သတ်မှတ်ထားတဲ့ ဘတ်ဂျက်ကာလအတိုင်း ၂၀၂၅ ခုနှစ်၊ ဧပြီလ ၁ ရက်မှ ၂၀၂၆ ခုနှစ်၊ မတ်လ ၃၁ ရက်အထိ တစ်နှစ်သက်တမ်းသတ်မှတ်၍ လုပ်ငန်းလိုင်စင်များကို သက်တမ်းတိုးခြင်းနဲ့ အသစ်ထုတ်ပေးခြင်းများကို ဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း သိရပါတယ်။
လုပ်ငန်းလိုင်စင်များနှင့် စီးပွားရေးအမှိုက်သိမ်းဆည်းခ (ဟိုတယ်၊ဆေးရုံ/ဆေးခန်း)များအား ကောက်ခံရာတွင် ယခုလက်ရှိကာလနှင့် သင့်လျော်သောနှုန်းထားသို့ ပြောင်းလဲကောက်ခံသွားမှာဖြစ်ပြီး ၂ဝ၂၅-၂ဝ၂၆ ဘဏ္ဍာနှစ်အတွင်း သက်တမ်းတိုးလျှောက်ထားမည့် လုပ်ငန်းရှင်များအနေနဲ့ မိမိတို့လုပ်ငန်းလိုင်စင် သက်တမ်းကုန်ဆုံး သည့်လမှ ၂၀၂၆ ခုနှစ်၊ မတ်လထိ သက်တမ်းတိုးရန် ကျန်ရှိသောလအတွက်သာ ကျသင့်လိုင်စင်ကြေးကို ပေးဆောင်ရမှာဖြစ်ပါတယ်။
လုပ်ငန်းလိုင်စင်သက်တမ်းတိုးခြင်းအား ဧပြီလ ၁ ရက်မှစတင်ပြီး သက်ဆိုင်ရာမြို့နယ် စည်ပင်သာယာ အုပ်ချုပ်ရေးမှူးရုံးများတွင် ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။ လုပ်ငန်းလိုင်စင်စနစ်ဟောင်းမှ အသစ်သို့ ပြောင်းလဲ ပေးမည့် လုပ်ငန်းစဉ်ကာလအတွင်း သက်တမ်းလွန်ဒဏ်ကြေးအား ၃ လ ကင်းလွတ်ခွင့်ပြုသွားမယ်လို့ မန္တလေး မြို့တော်စည်ပင်သာယာရေးကော်မတီမှ အသိပေးထားပါတယ်။
မန္တလေးမြို့တော် စည်ပင်သာယာနယ်နိမိတ်အတွင်းရှိ မည်သည့်စီးပွားရေးလုပ်ငန်းမဆို လုပ်ငန်းလုပ်ကိုင်ခွင့် “လုပ်ငန်းလိုင်စင်”ကို မန္တလေးမြို့တော်စည်ပင်သာယာရေး ကော်မတီ၊ စီမံရေးရာဌာန၊ မြို့နယ်စည်ပင်သာယာ အုပ်ချုပ်ရေးမှူးရုံးများသို့ တင်ပြလျှောက်ထားရမှာဖြစ်ပြီး လုပ်ငန်းရှင်များအနေနဲ့ ၂ဝ၂၅-၂ဝ၂၆ ဘဏ္ဍာနှစ်အတွက် လုပ်ငန်းလိုင်စင်(အသစ်/သက်တမ်းတိုး) လျှောက်ထားဆောင်ရွက်ရန်နှင့် အသေးစိတ်သိရှိလိုပါက ၂၆ လမ်း၊ (၇၁ လမ်းနှင့် ၇၂လမ်းကြား) မန္တလေးမြို့တော်စည်ပင် သာယာရေးကော်မတီ၊ စီမံရေးရာဌာန လိုင်းခွဲ ၁၆၄ ဖုန်း ၀၂-၄၀၆၁၆၁၉၊ ဝ၂-၄၀၆၁၆၂ဝ၊ ဝ၂-၄၀၆၁၆၂၁၊ မြို့နယ်အုပ်ချုပ်ရေးမှူးရုံး၊ အောင်မြေသာစံမြို့နယ် ဖုန်း ၀၉-၄၄၄ဝ၂၁၇၇၄၊ ၀၉-၇၉၈၆၈၆၃ဝဝ၊ မြို့နယ်အုပ်ချုပ်ရေးမှူးရုံး၊ ချမ်းအေးသာစံမြို့နယ် ဖုန်း ၀၉-၂၅၆ဝ၃ဝဝ၇၄၊ ဝ၉-၇၉၇၁ဝ၉၈၂၃၊ မြို့နယ် အုပ်ချုပ်ရေးမှူးရုံး၊ မဟာအောင်မြေမြို့နယ် ဖုန်း ဝ၉-၈၉၁ဝ၄၇၉၇ဝ၊ ဝ၉-၇၇၆၉၆၁၁၂၃၊ မြို့နယ်အုပ်ချုပ်ရေးမှူးရုံး၊ ချမ်းမြသာစည်မြို့နယ် ဖုန်း ဝ၉-၄ဝ၂၅၃၉၈၇၅၊ ဝ၉-၄၀၂၅၇၆၅၅၃ မြို့နယ်အုပ်ချုပ်ရေး မှူးရုံး၊ ပြည်ကြီးတံခွန်မြို့နယ် ဖုန်း ဝ၉-၄၄ဝ၂၂ဝ၈ဝ၁၊ ဝ၉-၄၄၁ဝ၁၄၈ဝ၉ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးနှင့် အမရပူရ မြို့နယ် ဖုန်း ဝ၉-၄၀၂၆၇၆၆ဝ၇၊ ဝ၉-၄၃၀၇၂၂၄၁ စတဲ့ သက်ဆိုင်ရာမြို့နယ် စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးများသို့ ဆက်သွယ်စုံစမ်းဆောင်ရွက်ရန် အသိပေးထားကြောင်း သိရပါတယ်။
Telegram»…
https://t.me/positiveanglenews