ပြည်ကြီးတံခွန်မြို့နယ်တွင် အကြမ်းဖက် PDF သင်တန်း တက်ရောက်ခဲ့သူ တစ်ဦး ဖမ်းဆီးရမိ


(မှုခင်း) ဖေဖော်ဝါရီ ၁၈

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ (စ)ရပ်ကွက်၊ ၁၂၃ လမ်း၊ ၅၇ (B)လမ်းထောင့်ရှိ “ရွှေဧရာ” တည်းခိုခန်းအခန်းအမှတ်(B-6)တွင် အကြမ်းဖက် PDF သင်တန်း တက်ရောက်ခဲ့သူ တစ်ဦးအား ဖမ်းဆီးရမိကြောင်း သိရသည်။

ယမန်နေ့ည ၁၂ နာရီကျော်အချိန်ခန့်က လုံခြုံရေးပူးပေါင်းအဖွဲ့မှ “ရွှေဧရာ”တည်းခိုခန်းတွင် နေထိုင်သူများအား ဧည့်စာရင်းစစ်ဆေးရာ၊ အခန်းအမှတ်(B-6)တွင် တည်းခို နေထိုင်သူ ငြိမ်းမင်း၊ ၂၉ နှစ်၊ (ဘ)ဦးစိန်​ရွှေ​၊ ဆိုင်ကယ်ဝပ်ရှော့၊ ၅၂(B)လမ်း၊ ၁၀၄+၁၀၅ လမ်းကြား၊ အောင်ပင်လယ်ရပ်ကွက်၊ ချမ်းမြသာစည်မြို့နယ်နေသူအား ဖမ်းဆီးရ မိခဲ့ကြောင်း၊ ငြိမ်းမင်းအားစစ်ဆေးရာ အကြမ်းဖက် PDF သင်တန်းကို အမရပူရမြို့နယ် ၊ တောင်အင်း/မြောက်အင်း အမှိုက်ကုန်း၊ ဒုတ္ထဝတီမြစ်၊ ရေလယ်ကျွန်းတွင် တက်ရောက်ခဲ့သူဖြစ်ကြောင်း သိရသည်။

အဆိုပါ အကြမ်းဖက် PDF သင်တန်းတက်​ရောက်ခဲ့သည့် ငြိမ်းမင်းအား စက်မှုနယ်မြေရဲစခန်းတွင် ဖမ်းဆီးထားရှိခဲ့ကြောင်း၊ ပြည်ကြီးတံခွန်မြို့နယ်အတွင်းရှိ ရပ်ကွက်များနှင့် ကျေးရွာများအတွင်း ဧည့်စာရင်းများစစ်ဆေးခြင်း၊ တည်းခိုခန်းများမှ သက်ဆိုင်ရာအုပ်ချုပ်ရေးမှူးရုံးအား ညစဥ်တည်းခိုလူဦးရေစာရင်းပေးပို့ခဲ့ခြင်းကြောင့် ယခုလို ဖမ်းဆီးရမိခဲံခြင်းဖြစ်ကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN