ဆိုင်ကယ်စီးလာတဲ့ ရဲတပ်ဖွဲ့ဝင် ၂ ဦးကို အကြမ်းဖက်သမားတွေက သေနတ်နဲ့ အနည်းဆုံး ၂၀ ချက်ခန့် ပစ်ခတ်သတ်ဖြတ်ခဲ့


(မှုခင်း) ဖေဖော်ဝါရီ ၁၈

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ပုဂံရှေးဟောင်းနယ်မြေ၊ ပုဂံရဲစခန်းက ဆိုင်ကယ်စီးနင်းလာတဲ့ ရဲတပ်ဖွဲ့ဝင် ၂ ဦးကို အကြမ်းဖက်သမားတွေက သေနတ်တွေနဲ့ အနည်းဆုံး အချက် ၂၀ ခန့် ပစ်ခတ်သတ်ဖြတ်ခဲ့တယ်လို့ သိရပါတယ်။

ဒီကနေ့ ဖေဖော်ဝါရီလ ၁၈ ရက်နေ့ မနက် ၉ နာရီက ပုဂံရဲစခန်းက ဒုရဲအုပ် ဝါဝါထွန်း ဦးစီးပြီး ရဲတပ်ကြပ် ခင်မောင်မြင့်၊ ရဲတပ်သား ရီဝေဦးတို့ တရားရုံးထုတ်သွားရောက်ဖို့ ဆိုင်ကယ်စီးနင်းပြီး ထွက်လာချိန်မှာ အခုလို လုပ်ကြံသတ်ဖြတ် ခံလိုက်ရတာ ဖြစ်ပါတယ်။

ရဲတပ်သား ရီဝေဦး မောင်းနှင်ပြီး ရဲတပ်ကြပ် ခင်မောင်မြင့် စီးနင်းလာတဲ့ MDY ၆၀ယ/—- 125 နီ/ကြား ဆိုင်ကယ် ၁ စီးက အရှေ့က မောင်းနှင်လျက် ဒုရဲအုပ် ဝါဝါထွန်း စီးနင်းလာတဲ့ MDY ၂၄ယ/- – – Follow me အနက်ရောင်ဆိုင်ကယ်က အနောက်က လိုက်ပါပြီး မောင်းနှင်လာစဉ် ပုဂံမြို့ဟောင်း၊ အလိုတော်ပြည့်ဘုရားအနီးကို အရောက်မှာ ပစ်ခတ်ခံလိုက်ရတာြ ဖစ်ပါတယ်။

အဖြူရောက် HondaFit ကားတစ်စီးမှာ ရဲတပ်ဖွဲ့ဝင်တွေ စီးနင်းလာတဲ့ ဆိုင်ကယ် ၂ စီးကို ကျော်တက်ကာ လမ်းရဲ့ ညာဘက်ခြမ်းမှာ ရပ်တန့်ပြီး ကားပေါ်က ဆင်းလာတဲ့ အကြမ်းဖက်သမားတွေက သေနတ်အရှည် (စိစစ်ဆဲ)ဖြင့် ပစ်ခတ်ခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။

အကြမ်းဖက်သမားတွေရဲ့ ပစ်ခတ်မှုကြောင့် ရဲတပ်ကြပ် ခင်မောင်မြင့်မှာ ဝဲ-မေးရိုး ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ဝဲ-ပုခုံး ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ဝဲ/ယာပေါင် ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ဝဲ-ခြေသလုံးဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ဝဲ-နံရိုးအောက် ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ဝဲ-လက်မောင်းကျိုးဒဏ်ရာ ၁ ချက်၊ ဝဲ-ခြေထောက် ဖောက်ထွက်စုတ်ပြဲဒဏ်ရာ ၁ ချက်တို့ ရရှိသွားခဲ့တယ်လို့ သိရပါတယ်။

ရဲတပ်သား ရီဝေဦးမှာ ဝဲ-ပုခုံး ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ လည်ပင်းအောက်ရင်အုံ ဖောက်ဝင်ဒဏ်ရာ ၂ ချက်၊ ဝဲ-ရင်အုံ ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ယာ-ရင်အုံ ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ နောက်ကျော ဖောက်ထွက်ဒဏ်ရာ ၄ ချက်၊ ဝဲ-လက်ဖမိုး ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ယာ-လက်ခွ ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ဝဲ-လက်မောင်း ကျိုးဒဏ်ရာ ၁ ချက်၊ ဝဲ-ချိုင်းအောက် ဖောက်ထွက်စုတ်ပြဲဒဏ်ရာ ၂ ချက်တို့ ရရှိသွားခဲ့တယ်လို့ သိရပါတယ်။

ပစ်ခတ်ခံရမှုကြောင့် ရဲတပ်ကြပ် ခင်မောင်မြင့်နဲ့ ရဲတပ်သား ရီဝေဦးမှာ အခင်းဖြစ်တဲ့နေရာမှာ သေနတ်ဒဏ်ရာ ၁၀ ချက်ခန့်တွေနဲ့ အသီးသီးသေဆုံးသွားခဲ့တာဖြစ်ပြီး ရဲတပ်ကြပ် ခင်မောင်မြင့် ကိုင်ဆောင်တဲ့ MA-13၊ ကျည်အိမ် ၂ ခု၊ ကျည် ၁၀၀ တောင့်၊ ရဲတပ်သား ရီဝေဦး ကိုင်ဆောင်တဲ့ BA-63 ၁ လက်၊ ကျည်အိမ် ၂ ခု၊ ကျည် ၁၀၀ တောင့်တို့လည်း အကြမ်းဖက်သမားတွေက ယူဆောင်ထွက်ပြေးသွားကြာတယ်လို့ သိရပါတယ်။

ပစ်ခတ်သတ်ဖြတ်မှုဖြစ်စဉ်မှာ နောက်ကစီးနင်းလာတဲ့ ဒုရဲအုပ် ဝါဝါထွန်းမှာ အသက်မသေဘဲ ထွက်ပြေး လွတ်မြောက်သွားခဲ့တယ်လို့လည်း သိရပါတယ်။

လက်ရှိအချိန်မှာ လုပ်ကြံသတ်ဖြတ်သွားတဲ့ တရားခံတွေကို ဖမ်းဆီးရမိရေး ပူးပေါင်းအဖွဲ့က ပိတ်ဆို့ ရှာဖွေ စစ်ဆေးဆောင်ရွက်လျက်ရှိနေတယ်လို့လည်း သိရပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN