ကျေးရွာအုပ်ချုပ်ရေးမှုးရုံး ပစ်ခတ်ခံရမှု သာမန်ပြည်သူတစ်ဦး ထိမှန်သေဆုံး


(မှုခင်း) ဖေဖော်ဝါရီ ၁၈

မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ တဲကုန်းကျေးရွာ အုပ်ချုပ်ရေးမှုးရုံးကို ပစ်ခတ်ခံရမှုဖြစ်စဉ်တွင် အပြစ်မဲ့အရပ်သား သာမန်ပြည်သူတစ်ဦး ထိမှန်သေဆုံးသွားခဲ့ကြောင်း သိရသည်။

ယနေ့ မနက် ၁၀ နာရီခွဲခန့်က တဲကုန်းကျေးရွာ အုပ်ချုပ်ရေးမှုးရုံးကို ရုပ်ဆိုးအနက်ရောင် ဆိုင်ကယ်စီးနင်းလာတဲ့ အသက် ၂၀ ဝန်းကျင်အရွယ် လူငယ် ၂ ဦးမှာ ဧည့်စာရင်းတိုင်ရန်ဟု ပြောဆိုပြီး ရုံး၀င်အတွင်းသို့၀င်ရောက်လာကာ ရုံးခန်းအတွင်းတွင်ရှိနေကြသူများအား သေနတ်ဖြင့် ရမ်းသန်းပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။

ပစ်ခတ်ခံရမှုကြောင့် အသက် ၄၆ နှစ်အရွယ် တဲကုန်းကျေးရွာသား ဦးမျိုးမြင့်ဆိုသူမှာ မေးစေ့အောက် ကျည်ဖောက်၀င်ဒဏ်ရာ ၁ ချက်၊ ၀မ်းဗိုက် ကျည်ဖောက်၀င်ဒဏ်ရာ ၂ ချက်ရရှိကာ အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ကြောင်း သိရသည်။

ဦးမျိုးမြင့်မှာ မိမိ၏ မိတ်ဆွေဖြစ်သူ တဲကုန်းကျေးရွာ ရာအိမ်မှူးဖြစ်သူ အသက် ၄၂ နှစ်အရွယ် ဦးပြည့်ဖြိုးဆွေနှင့်အတူ စကားပြောနေချိန်တွင် လူငယ်အကြမ်းဖက်သမား ၂ ဦးမှာ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးအတွင်းသို့ လာရောက်ပြီး ရမ်းသန်းပစ်ခတ်သွားခဲ့ခြင်း ဖြစ်သည်။

ပစ်ခတ်မှုဖြစ်ပွားစဉ်မှာ ရာအိမ်မှူး ဦးပြည့်ဖြိုးဆွေမှာ ရုံးအနောက်ဘက်သို့ အသက်မသေဘဲ ထွက်ပြေးလွတ်မြောက်ခဲ့ကြောင်းလည်း သိရသည်။

အခင်းဖြစ်ပွားရာနေရာမှ လူငယ်အကြမ်းဖက်သမားများ ပစ်ခတ်ခဲ့သည့် LUGER ကျည်ခွံ ၂ ခု၊ LUGER ကျည် ၁ တောင့်၊LUGER ကျည်ထိပ်ဖူး ၁ ခုတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ပြီး လူငယ်အကြမ်းဖက်သမားများမှာ တဲကုန်းကျေးရွာလမ်းအတိုင်း မြောက်ဘက်သို့ ဆိုင်ကယ်ဖြင့် မောင်းနှင်ထွက်ပြေးသွားခဲ့ကြကြောင်းလည်း သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN