(နိုင်ငံတကာ) ဖေဖော်ဝါရီ ၁၈

ရုရှားနှင့် ယူကရိန်း စစ်ပွဲအဆုံးသတ်ရေး ယနေ့ ဖေဖော်ဝါရီလ ၁၈ ရက်နေ့တွင် အမေရိကန်နှင့်ရုရှားဆွေးနွေပွဲစတင်ကျင်းပနေကြောင်းသိရသည်။
ဆွေးနွေးပွဲသို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုနှင့် ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလက်ဗ်ရော့တို့ တက်ရောက်ခဲ့သည်။
ရုရှားတာဝန်ရှိသူများက အမေရိကန်နှင့် ဆက်ဆံရေး ပုံမှန်ပြန်စရန်ဟု ပြောကြားခဲ့သည်။
အဆိုပါအစည်းအဝေးသည် တံခါးပိတ်အစည်းအဝေးဖြစ်ပြီး မည်သည့်အကြောင်းအရာကို ဆွေးနွေးမည်နှင့် မည်သည့်အချိန်တွင် အစည်းအဝေးအဆုံးသတ်မည်ကို ရှင်းရှင်းလင်းလင်း မသိရသေးကြောင်း မီဒီယာများက ရေးသားကြသည်။
အစည်းအဝေးတွင် စစ်ပွဲဖြစ်ပွားနေသည့် ယူကရိန်းနိုင်ငံမှ ပါဝင်ခြင်းမရှိပဲ ယူကရိန်းသမ္မတဇယ်လန်းစကီးက “ယူကရိန်းမပါဘဲ ငြိမ်းချမ်းရေးသဘောတူညီချက်တွေကို အသိအမှတ်မပြုနိုင်ပါဘူး”ဟု ပြောဆိုခဲ့သည်၊
Telegram»…
https://t.me/positiveanglenews