မေဆန်မောင့် ကို ယနေ့ အပြီးသတ်ခေါ်ယူဖို့ ပြုလုပ်သွားမယ့် မန်ယူ


ဇူလိုင် ၃
ချယ်လ်ဆီးကစားသမား မေဆန်မောင့် ဟာ မန်ယူအသင်းနဲ့ ယနေ့ဆေးစစ်မည်ဖြစ်ပြီး စာရွက်စာတမ်းတွေကိုတော့ ဆေးစစ်ပြီးစီးတာနဲ့တစ်ပြိုင်နက် လက်မှတ်ထိုးသွားမှာဖြစ်ပါတယ်။
မေဆန်မောင့်၏ စာချုပ်သက်တမ်းမှာ ၂၀၂၈ ခုနှစ် ဇွန်လအထိဖြစ်ပြီး တစ်နှစ်သက်တမ်း တိုးခွင့်ရှိသည့်အချက် ပါဝင်မှာဖြစ်ပါတယ်။
၎င်း၏ ပြောင်းရွှေ့ကြေးမှာ ပေါင် ၅၅ သန်းနှင့် Add-ons ကြေး ပေါင် ၅ သန်း ရရှိမှာလဲဖြစ်ပါတယ်။