(မှုခင်း) ဖေဖော်ဝါရီ ၁၃

ရန်ကုန်တိုင်းဒေသကြီး၊ ဒေါပုံမြို့နယ်၊ ကြည်စုရပ်ကွက် အတွင်း စုရပ်နေရာများတွင် လူဦးရေးမဲစာရင်းကောက်ယူနေသောအဖွဲ့အား ရပ်ကွက်နေသူအမျိုးသား တစ်ဦးမှ ဓာတ်ဆီနှင့်ပတ်ကာ မီးရှို့မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယမန်နေ့ မွန်းလွဲ ၁ နာရီ ၃၅ မိနစ်အချိန်ခန့်က ကြည်စုရပ်ကွက်အုပ်ချုပ်ရေး ဆယ်/ရာအိမ်မှူးများနှင့် volunteer အဖွဲ့ များမှ မဲစာရင်းကောက်ယူနေချိန်တွင့် ကြည်စုရပ်ကွက်၊ ဓမ္မရိပ်သာလမ်းသွယ်နေထိုင်သူ တင်မောင်ဇော်(ခ)ဖိုးဇော်ဆိုသူမှ စုရပ်နေရာသို့ရောက်ရှိလာပြီး ဓါတ်ဆီနှင့်ပတ်ကာ မီးရှို့မူဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

အဆိုပါ မီးရှို့လောင်ကျွမ်းမူကြောင့် ရာအိမ်မှူး ၂ ဦးနှင့် volunteer လုပ်အားပေး ဝန်ထမ်း ၁ ဦး စုပေါင်း ၃ ဦး ပြင်းထန်မီးလောင်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews