ရွေးကောက်ပွဲကျင်းပဖို့ တည်ငြိမ်အေးချမ်းမှု လိုအပ်တဲ့အတွက် ကာလုံတွင် အရေးပေါ်ကာလသက်တမ်းထပ်တိုး မြှင့်

(ပြည်တွင်း) ဇန်နဝါရီ ၃၁

ဒီကနေ့ မနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့တဲ့ ကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီအစည်းအဝေးကို နစက ကို ၆ လ ထပ်မံသက်တမ်းတိုးခဲ့တယ်လို့ သိရပါတယ်။
ပြည်တွင်းက နေရာဒေသအများအပြားမှာ စစ်ရေးပဋိပက္ခ အရှိန်မြင့်မားနေတာကြောင့် ရွေးကောက်ပွဲကျင်းပဖို့ တည်ငြိမ်အေးချမ်းမှု လိုအပ်နေတာဖြစ်လို့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ (၄၂၅) ပါ ပြဌာန်းချက်အရ သာမန်မဟုတ်တဲ့ အခြေအနေအရ အရေးပေါ်ကာလ သက်တမ်းထပ်တိုးဖို့ နစက ဥက္ကဋ္ဌရဲ့ တင်ပြချက်ကို တက်ရေၕာက်သူတွေက ထောက်ခံသဘောတူခဲ့ကြတယ်လို့ သိရပါတယ်။

‌ရွေးကောက်ပွဲမသမာမှုတွေ နိုင်ငံတော်အာဏကိုအတင်းအဓမ္မရယူဖို့ကြိးစားမှုတွေကြောင့် နိုင်ငံကိုအရေးပေါ်ကာလ ကြေညာခဲ့တာဟာ ဒီနေ့ ဇန်နဝါရီလ (၃၁) ရက်မှာ (၄) နှစ် သက်တမ်းပြည့်ခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ကာ/လုံအစည်းအဝေးမှာ ယာယီသမ္မတ ဦးမြင့်ဆွေက ကျန်းမာရေးအခြေအနေအရ ဆေးခွင့်ယူပြီး ဆေးကုသမှုခံယူ‌နေရတာကြောင့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီဆိုင်ရာကိစ္စရပ်တွေကို လိုအပ်သလို ဆောင်ရွက်နိုင်ဖို့အတွက် နစက ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ထံ ယာယီသမ္မတ တာဝန် ဝတ္တရားတွေကို လွှဲပြောင်းပေးခဲ့ကာ လွန်ခဲ့တဲ့ ၂၀၂၄ ခုနှစ် ဇူလိုင် ၃၁ ရက်ကလည်း အရေးပေါ်ကာလကို ခြောက်လ သက်တမ်းတိုးထားခဲ့တာဖြစ်ပါတယ်။

လက်ရှိမှာတော့ နစက အနေဖြင့် လူဦးရေနဲ့ အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူနေပြီး ၂၀၂၅ ခုနှစ်အတွင်း ရွေးကောက်ပွဲ ကျင်းပနိုင်ဖို့ ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်နေတာဖြစ်ပါတယ်။

PAN #ကာလုံ #ရွေးကောက်ပွဲ #နစက #၂၀၂၅