(နိုင်ငံတကာ) ဇန်နဝါရီ ၃၀

အမေရိကန်သို့ တရားမဝင် ဝင်ရောက်လာသော ရွှေ့ပြောင်းနေထိုင်သူအချို့အား ဂွာတီနာမိုပင်လယ်အော်အနီးသို့ပို့ဆောင်မည်ဖြစ်ကြောင်း သမ္မတထရမ့်ကဆိုသည်။
ကျူးဘားရှိ အမေရိကန် ရေတပ်အခြေစိုက်စခန်းမှ စစ်အကျဉ်းထောင်အနီးတွင် လူပေါင်း ၃၀၀၀၀ ဆန့်သည့် ထိန်းသိမ်းရေးစခန်းတစ်ခုဆောက်လုပ်နေကြောင်းသိရသည်။
အမေရိကန်အနေဖြင့် ဂွာတီနာမိုပင်လယ်အော်ရှိ အဆိုပါ ထိန်းသိမ်းရေးစခန်းအား ရွေ့ပြောင်းအခြေချသူများအား ထားရှိရာအဖြစ် ကာလရှည်အသုံးပြုခဲ့ပြီး လူ့အခွင့်အရေးအဖွဲ့အချို့၏ ဝေဖန်မှုကို ခံနေရသည့်နေရာလည်းဖြစ်သည်။
ယခင်က ရှိပြီးသော အဆောက်အဦးအား ထပ်မံတိုးချဲ့ဆောက်လုပ်နေပြီး ပြီးစီးမည့်အချိန်နျင့် ကုန်ကျစရိတ်ကို မသိရသေးကြောင်းသိရသည်။
ကျူးဘားအဆိုးရက အမေရိကန်၏ အဆိုပါ အစီအစဉ်အား ကျူးဘားအစိုးရမှ ကန့်ကွက်ရှုတ်ချခဲ့ပြီး တရားမဝင်ချုပ်နှောင်မှုနှင့် ညှဉ်းပန်းနှိပ်စက်မှုဖြစ်ကြောင်း စွပ်စွဲခဲ့သည်။
အဆိုပါထိန်းသိမ်းရေးစခန်းသည် ညှဉ်းပန်းနှိပ်မှုများကြောင့် နာမည်ကျော်ကြားသည့်နေရာဖြစ်ပြီး လွတ်မြောက်ရန်ခက်ခဲသည်နေရာလည်းဖြစ်သည်။
Telegram»…
https://t.me/positiveanglenews