(မှုခင်း)အောက်တိုဘာ ၅
ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်၌ ယာဉ်တိုက်မှု ဖြစ်ပွား၍ အမျိုးသား တစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။
အောက်တိုဘာ ၃ ရက် နံနက် ၁၀ နာရီတွင် ဖြူးမြို့နယ်၊ ညောင်ပင်သာကျေးရွာအုပ်စု၊ ရန်ကုန်-မန္တလေးကားလမ်း မိုင်တိုင်အမှတ် ၁၂၁ မိုင် ၁ ဖာလုံအနီး၌ ဖြူးမြို့ဘက်မှ ညောင်ပင်သာမြို့ဘက်သို့ တောင်ငူမြို့နယ်၊ ကေတုမတီမြို့သစ်နေ ဦးကျော်သီဟစိုး(၄၂)နှစ် မောင်းနှင်ပြီး ယာဉ်နောက်လိုက် သပြေလှကျေးရွာနေ မောင်ပိုင်ဖြိုးအောင်(၁၈)နှစ် လိုက်ပါလာသည့် YGN-8/4S-XXXX SINO YRUK အမျိုးအစား ၂၂ ဘီး မော်တော်ယာဉ်သည် အခင်းဖြစ်နေရာအရောက်၌ လမ်းဖြတ်ကူးသည့် ဖြူးမြို့နယ်၊ ကျောက်တိုင်(တောင်) ကျေးရွာနေ ဦးဌေးလွင်(၅၈)နှစ် မောင်းနှင်လာသော BGO/71W-XXXX HONDA DREAM 125 အမျိုးအစား ဆိုင်ကယ်အား အရှိန်မထိန်းနိုင်ဘဲ ဝင်ရောက်တိုက်မိခဲ့သည်။
အဆိုပါ ယာဥ်တိုက်မှုကြောင့် ဦးဌေးလွင်တွင် ထိခိုက်ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့သောကြောင့် ယာဉ်အားမဆင်မခြင်မောင်းနှင်သူ ဌေးဝင်းနှင့် ကျော်သီဟစိုးတို့ နှစ်ဦးအား ညောင်ပင်သာနယ်မြေရဲစခန်း ယာဉ်(ပ) ၂/၂၀၂၆၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

Telegram – t.me/positiveanglenews
#PAN