(အားကစား) ဇန်နဝါရီ ၂၅

ရီးရဲလ်မက်ဒရစ်အသင်း တိုက်စစ်ကစားသမား ဗင်နီးစီးယပ်စ် ဟာ အသင်းကစားသမားဘဝ ပြိုင်ပွဲစုံ သွင်းဂိုး ၁၀၀ ပြည့်မြောက်ခဲ့တဲ့ စံချိန်မှတ်တမ်းတစ်ရပ်ကို ပိုင်ဆိုင်ခဲ့ကြောင်း သိရပါတယ်။
ရီးရဲလ်အသင်းရဲ့ တောင်ပံတိုက်စစ်ကစားသမား ဗင်နီးစီးယပ်စ် ဟာ ချန်ပီယံလိဂ်ပွဲစဉ်အဖြစ် ရီးရဲလ် အသင်းက ဆောလ်ဘတ်အသင်းကို ငါးဂိုး၊ တစ်ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ပွဲမှာ အသင်းအတွက် သွင်းဂိုးနှစ်ဂိုး သွင်းယူ ပေးနိုင်ခဲ့ပြီးနောက် အခုလိုမှတ်တမ်းကို ရရှိခဲ့တာဖြစ်ပါတယ်။
ယခုဘောလုံးရာသီမှာ ရီးရဲလ်အသင်းနဲ့အတူ ပြိုင်ပွဲစုံ ၂၇ ပွဲကစားပြီး ၁၇ ဂိုး သွင်းယူထားနိုင်တာ ဖြစ်ပါတယ်။
ဗင်နီးစီးယပ်စ် က အခုလိုမှတ်တမ်းတစ်ရပ်ကို ပိုင်ဆိုင်ခဲ့ရလို့ ပျော်ရွှင်မိကြောင်းနဲ့ အသင်းနဲ့အတူ နောက်ထပ်အောင်မြင်မှုတွေရရှိအောင် ဆက်လက်ကြိုးစားသွားမှာ ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
Telegram»…
https://t.me/positiveanglenews