ရန်ကုန်- မန္တလေးကားလမ်းဟောင်းတွင် ဆိုင်ကယ်နှစ်စီးတိုက်မှုဖြစ်ပွာ


(မှုခင်း) ဇန်နဝါရီ ၂၀

နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ မအူတောကျေးရွာအုပ်စု၊ စိမ်းစားပင်ကျေးရွာ၊ ရန်ကုန်- မန္တလေးကားလမ်းဟောင်း မိုင်တိုင်အမှတ်(၂၂၆/၆)နှင့် (၂၂၆/၇)ကြားတွင် ဆိုင်ကယ်တိုက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယနေ့ မွန်းလွဲ ၃ နာရီ ၄၀ မိနစ်အချိန်ခန့်က ပျဉ်းမနားမြို့ဘက်မှ တပ်ကုန်းမြို့ဘက်သို့ ဥက္ကာမောင်၊ ၂၈ နှစ်၊ (ဘ)ဦးကျော်မောင်၊ ကင်းသာကျေးရွာ၊ တပ်ကုန်မြို့နယ်နေသူ မောင်းနှင်သည့် ၇၆ယ/……..၊ Luojia အနက်ရောင်ယာဉ်အား‌ မောင်းနှင်လာစဉ် လမ်း၏အနောက်ဘက်မှ အရှေ့ဘက်သို့ တင်ဦး၊ ၅၄ နှစ်၊ (ဘ)ဦးမောင်ကို၊ စိမ်းစားပင်ကျေးရွာ၊ မအူတောကျေးရွာအုပ်စု၊ ဇေယျာသီရိမြို့နယ်နေသူ မောင်းနှင်သည့် ၂၄ ယ/…….၊ Luojia အနက်ရောင်ယာဉ်သည် လမ်းအားဖြတ်မောင်စဉ် ဝင်ရောက်တိုက်မိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ယာဉ်တိုက်မှုကြောင့် ဥက္ကာမောင်တွင် ဝဲမျက်ခုံကွဲ(မစိုးရိမ်ရ)ဒဏ်ရာ၊ တင်ဦးတွင် မျက်နှာစုပ်ပြဲ၊ နဖူးကွဲ၊ နှာခေါင်သွေးထွက်၊ ပါးစပ်သွေးထွက်ဒဏ်ရာ(စိုးရိမ်ရ)တို့ရရှိခဲ့ကြောင်း၊ ဒဏ်ရာရရှိသူ နှစ်ဦးအား နေပြည်တော်ကုတင်(၁၀၀၀)ဆေးရုံးသို့ ဆေးကုသမှုခံယူရန်ပို့ဆောင်ထားကြောင်း သိရသည်။

အလားတူ ဇန်နဝါရီလ ၁၈ ရက်နေ့က တပ်ကုန်းဘက်မှ ပျဉ်းမနားဘက်သို့မောင်းနှင်လာသော စိစစ်ဆဲယာဉ်မှ မသန္တာအောင်၊ ၄၃ နှစ်၊ (ဘ)ဦးချစ်အောင်၊ မပတ-မမှတ်မိ၊ စိမ်းစားပင်ကျေးရွာ၊ မအူတောအုပ်စု၊ ဇေယျာသီရိမြို့နယ်‌နေသူမှ လမ်းဖြတ်ကူးစဉ် အရှိန်မထိန်းနိုင်ဘဲ ဝင်ရောက်တိုက်မိရာ မသန္တာအောင်သည် အခင်းဖြစ်နေရာတွင် ဦးခေါင်းပွင့်ထွက်ဒဏ်ရာဖြင့် သေဆုံးသွားကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN