(နိုင်ငံတကာ) ဇန်နဝါရီ ၂၀
အမေရိကန်သမ္မတအဖြစ် ရွေးကောက်ခံထားရသည့် ဒေါ်နယ်ထရမ့်သည် ၎င်းတက်ရောက်လာပြီးနောက် မကြာမီ တရုတ်နိုင်ငံသို့ အလည်အပတ်သွားရောက်ရန် ဆန္ဒရှိသည်ဟု အကြံပေးများအား ပြောကြားခဲ့ကြောင်း Wall Street ဂျာနယ်က ဖော်ပြသည်။
သမ္မတအဖြစ် တက်ရောက်လာပြီးနောက် ရက်ပေါင်း ၁၀၀ အတွင်း တရုတ် နိုင်ငံသို့ သွားရောက်ရန် ထရမ့်က စိတ်ဝင်စားနေခြင်းဖြစ်ကြောင်း ထရမ့်ရဲ့အကြံပေးတစ်ဦး၏ပြောကြားချက်ကို ကိုးကား၍ Wall Street ဂျာနယ်က ဖော်ပြခြင်းဖြစ်ကြောင်း သိရသည်။
အမေရိကန်သမ္မတထရမ့်နှင့် တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ကြား တွေ့ဆုံဆွေးနွေးရန် အမေရိကန်နှင့်တရုတ် ကိုယ်စားလှယ်များ က စေ့စပ်ဆွေးနွေးခဲ့ကြပြီး ထရမ့်အနေဖြင့် သမ္မတရှီအား အမေရိကန်ပြည်ထောင်စုသို့ လာရောက်လည်ပတ်ရန် ဖိတ်ခေါ်ထားကြောင်း ဂျာနယ်တွင် ဆက်လက်ဖော်ပြထားသည်။
အဆိုပါ ကိစ္စရပ်နှင့် စပ်လျဉ်း၍ ဝါရှင်တန်မြို့ရှိ တရုတ်သံရုံးက တစ်စုံတစ်ရာတုံ့ပြန်ပြောဆိုထားခြင်း မရှိသေးကြောင်း ST သတင်းဌာန တွင် ဖော်ပြထားသည်။
Telegram»…
https://t.me/positiveanglenews