(ပြည်တွင်း) ဇန်နဝါရီ ၂၀
မြဝတီ – ကော့ကရိတ် အာရှလမ်းမကြီးပြန်ပွင့်ဖို့ ကြိုးပမ်းနေတဲ့ တပ်မတော်စစ်ကြောင်းတစ်ကြောင်းနဲ့ PDF အကြမ်းဖက်များပါဝင်သည့် KNU လက်အောက်ခံ ကရင်လက်နက်ကိုင်သောင်းကျန်းသူပူးပေါင်းအဖွဲ့ များနှင့် ယနေ့ ဇန်နဝါရီ ၂၀ နံနက်ပိုင်းတွင် ထိတွေ့တိုက်ပွဲ ပြင်းထန်စွာပွားနေကြောင်း သိရသည်။
“စစ်ကြောင်းက အတော်ရောက်နေပြီ ကြားရသလောက် ဒီနေ့မနက် ထိတွေ့မှုဖြစ်နေတယ်။ တိုက်ပွဲပြင်းတယ်။ အခု ကော့ကရိတ်က လက်နက်ကြီးစပစ်တဲ့အသံကြားနေရပြီ၊ အာရှလမ်းက ဆိတ်ဖူးတောင်နဲ့ ရင်ကွဲတောင်ဝန်းကျင်မှာဖြစ်နေတာလို့တော့ကြားတယ်” လို့ဒေသခံသတင်းအရင်းအမြစ်မှ PAN ကို ပြောသည်။
PDF အကြမ်းဖက်အဖွဲ့များပါဝင်သည့် ကရင်လက်နက်ကိုင်သောင်းကျန်းသူများမှာ အာရှလမ်း၏အရှေ့ခြမ်း ကွင်းကလေးနှင့် အာရှလမ်းအနောက်ခြမ်း ကောင်းမှုဇော်ဟဲကျေးရွာများ ဘက်မှတက်လာပြီး စစ်ကြောင်းအား နှစ်ဘက်ညှပ်ကာ ပုံဖေါ်တိုက်နေခြင်းဖြစ်ပြီး တပ်ဖက်မှ လက်နက်ကြီးပစ်ကူထိရာက်နေသည့်အတွက် တက်လမ်းဆုတ်လမ်းတခုတည်းသာ အသုံးပြုနေရကြောင်း သိရသည်။
မြဝတီမြို့နယ် တောင်ဖက်ခြမ်းတွင်ရှိသော အကြမ်းဖက်သောင်းကျန်းသူများမှာလည်း ဖလူးမှ ဝေါလေလမ်းအတိုင်း သရက်တပင်ဂိတ်အလွန် သဲဖြူချောင်းနံဘေးက တောင်ကျောအပေါ်တွင် အင်အား ၁၀၀၀ ကျော်ခန့်ရောက်ရှိနေနေကြောင်း ၎င်းတို့ထံတွင် Tppv2Fxewing.Drone အစီး ၂၀ ခန့်ပါဝင်ကြောင်း ယင်းအထဲမှ အဖွဲ့ဝင် ၃၀ ခန့်မှာ လက်ခတ်တောင်၊ တာဝါတိုင်နေရာနှင့် ဘုရားအသစ်တည်နေသည့် နေရာများသို့ ရောက်ရှိနေပြီး ၄၀ မမ အပါဝင်လက်နတ်ကြီး ၇ လက်ခန့်ပါလာကြောင်း သတင်းအရင်းအမြစ်၏ပြောဆိုချက်များအရ သိရသည်။
ထို့အတူ စောဒါဘောဦးစီးအဖွဲ့မှာ ရွှေမြစန္ဒီတိုးချဲ့ကွက်သစ်ရောက်ရှိနေပြီး ဘောကျော်ဟဲဦးစီးအဖွဲ့များမှလည်း သင်္ကန်းညီနောင်နှင့် ဝှေ့ရှမ်းဘက်သို့ ရောက်ရှိနေကြောင်းသိရပြီး ၎င်းအဖွဲ့များသည် မြဝတီ – ကော့ကရိတ် အာရှလမ်းမကြီးအား တပ်မှပြန်လည်စိုးမိုးသွားမှာကို မလိုလားကြောင်း၊ အာရှလမ်းမကြီး ပြန်လည်မဖွင့်လှစ်နိုင်ရေးအတွက် အသည်းအသန် ခုခံနေကြောင်း သိရသည်။
PAN #KNU #အာရှလမ်း #မြဝတီကော့ကရိတ်
Telegram»…
https://t.me/positiveanglenews