(မှုခင်း) ဇန်နဝါရီ ၂၀
ပဲခူးတိုင်းဒေသကြီး ၊ ပဲခူးမြို့၊ အမှတ်(၂)နယ်မြေရဲစခန်းအပိုင်၊ ကလျာဏီရပ်ကွက်အတွင်း၌ နေအိမ်တစ်လုံးတွင်ငှားရမ်းနေထိုင်သူများထံမှ ဇန်နဝါရီလ(၁၉)ရက်နေ့ ညနေ ၅ နာရီအချိန်ခန့်က မူးယစ်ဆေးဝါး သုံးစွဲ ရောင်းဝယ်သူ(၃)ဦးအား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖြစ်စဥ်မှာ မူးယစ်တပ်ဖွဲ့စု(၃၆)မှ ရဲတပ်ဖွဲ့ဝင်များသည် သတင်းအရ သက်သေများနှင့်အတူ ကလျာဏီရပ်ကွက် အနော်ရထာလမ်း အမှတ်(၄၉၁) ဟန်မင်းကျော်ဆိုသူ ငှားရမ်းနေထိုင်သော နေအိမ်တွင် မူးယစ်ဆေးဝါးများ သုံးစွဲ ရောင်းချနေကြောင်းသတင်းအရ သွားရောက်ရှာဖွေခဲ့ရာ နေအိမ်၏အိပ်ခန်းအတွင်း၌ ဟန်မင်းကျော်(၃၆)နှစ်၊ ၎င်း၏ဇနီးဖြစ်သူရွေးစန္ဒီ(၃၄)နှစ်နှင့် မူးယစ်ဆေးဝါးသုံးစွဲရန်ရောက်ရှိနေသည့် ဝင်းမြင့်ဦး(၄၆)နှစ်တို့အား သက်သေခံပစ္စည်းများအဖြစ် ဟန်မင်းကျော်၏လက်အတွင်းမှ အပြာရောင်ကပ်ခွာအိတ်ဖြင့်ထည့်ထားသည့် စိတ်ကြွရူးသွပ်ဆေးပြားဟုယူဆရသည့် WY စာတမ်းပါ ပန်းရောင်ဆေးပြား(၁၃၀)ပြားပါအထုပ်၊ အလေးချိန်(၁၃၀)ဂရမ်ခန့်၊ ရွေးစန္ဒီ၏လက်အတွင်းမှ ခဲပြားအပိုင်းအစဖြင့်ထုပ်ထားသည့် စိတ်ကြွရူးသွပ်ဆေးပြားဟုယူဆရသည့် WY စာတမ်းပါ ပန်းရောင်ဆေးပြား(၁၀)ပြားစီပါ(၂)ထုပ်၊ အလေးချိန်(၂၀)ဂရမ်ခန့် ၎င်းတို့၏အိမ်ခေါင်းရင်းဘေးမှ အနက်ရောင်ကြွပ်ကြွပ်အိတ်အတွင်း အပြာရောင်ကပ်ခွာအိတ်ငယ်များဖြင့် ထည့်ထားသည့် စိတ်ကြွရူးသွပ်ဆေးပြားဟုယူဆရသည့် WY စာတမ်းပါ ပန်းရောင်ဆေးပြား(၂၀၀)ပြားစီပါ(၅)ထုပ်၊(၁၀၀၀)ပြား အလေးချိန်(၁၀၀)ဂရမ်ခန့်၊ မူးယစ်ဆေးဝါးသုံးစွဲထားသည့်ခဲပြာအပိုင်းအစ(၅)ခု၊ မူးယစ်ဆေးဝါးသုံးစွဲရာတွင်အသုံးပြုသည့် STING တံဆိပ်ပါအချိုရည်ဘူး၏အဖုံးပိတ်တွင် အပေါက်(၂)ပေါက်ဖောက်၍ အအေးစုပ်ပိုက်(၂)ချောင်းတပ်ဆင်ထားသည့် ဘူးခွံ(၁)ခုတို့အား ရှာဖွေတွေ့ရှိခဲ့သဖြင့် ၎င်းတို့(၃)ဦးအား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေနိုင်သော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၉(က)/၂၁ဖြင့်အမှုဖွင့်လှစ်ပြီး ဖမ်းဆီးအရေးယူထားကြောင်း သတင်းရရှိသည်။
Telegram»…
https://t.me/positiveanglenews