(နိုင်ငံတကာ) ဇန်နဝါရီ ၁၆
၁၅ လကြာ ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့ပြီးနောက် အစ္စရေးနှင့် ဟားမတ်စ် အစ်အခတ်ရပ်စဲရေး သဘောတူညီမှုရရှိခဲ့ပြီဖြစ်ကြောင်းသိရသည်။
အဆိုပါ အစ်အခတ်ရပ်စဲရေးအား အမေရိကန်နှင့် ကာတာနိုင်ငံများမှ ကြားဝင်စေ့စပ်မှုနှင့် သဘောတူညီခဲ့ပြီး ကာတာဝန်ကြီးချုပ် Sheikh Mohammed bin Abdul Rahman Al Thani က အစ္စရေးအစိုးရမှ အတည်ပြုချက်အရ လာမည့် တနင်္ဂနွေနေ့တွင် အပစ်အခတ်ရပ်စဲရေးစတင်အသက်ဝင်မည်ဟုဆိုသည်။
၂၀၂၃ ခုနှစ် အောက်တိုဘာ ၇ ရက်နေ့တွင် စတင်ခဲ့သည့် အဆိုပါစစ်ပွဲတွင် အစ္စရေးမှ လူပေါင်း ၁၂၀၀ ခန့် သေဆုံးခဲ့ပြီး ဓားစားခံ ၂၅၁ ဦး ဖမ်းဆီးခံခဲ့ရကြောင်းသိရသည်။
အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုနှင့် မြေပြင်ထိုးစစ်များကြောင့် ဂါဇာကမ်းမြောင်ဒေသမှ ပြည်သူ ၄၆၇၀၀ ကျော်သေဆုံးခဲ့ပြီး အခြေခံအဆောက်အဦးများ အားလုံးနီးပါး ပျက်စီးဆုံးရှုံးခဲ့ကာ လူသန်းနှင့်ချီ အငတ်ဘေးနှင့် ရင်ဆိုင်နေရသည်။
အစ္စရေးတပ်ဖွဲ့ဝင်များ ပြန်လည်ဆုတ်ခွာမည့် သတင်းနှင့် အပစ်အခတ်ရပ်စဲမည့်သတင်းကြောင့် ဒေသခံပြည်သူများ အောင်ပွဲခံပျော်ရွှင်နေကြကြောင်းသိရသည်။
ကာတာဝန်ကြီးချုပ်က “ဒါဟာ စစ်ပွဲရဲ့ နောက်ဆုံးစာမျက်နှာ ဖြစ်လာလိမ့်မယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်၊ သက်ဆိုင်သူအားလုံးက ဒီသဘောတူညီချက်ရဲ့ စည်းကမ်းချက်အားလုံးကို အကောင်အထည်ဖော်ဖို့ ကတိကဝတ်ပြုမယ်လို့ မျှော်လင့်ပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။
#PAN # အစ္စရေး #ဟားမတ်စ် #အပစ်အခတ်ရပ်စဲရေး