(နိုင်ငံတကာ) ဇန်နဝါရီ ၁၅
လေပြင်းတိုက်ခတ်မှုများ ရှိနေခြင်းကြောင့် လော့စ်အင်ဂျလိစ်တွင် မီးဘေးခြိမ်းခြောက်မှု အောက်တွင်ဆက်ရှိနေကြောင်း သိရသည်။
လော့စ်အင်ဂျလိစ်နှင့် အချို့ဒေသများတွင် အန္တရာယ်များသော အခြေအနေအဖြစ် အနီရောင်သတိပေးချက်များ ထုတ်ပြန်ထားသော်လည်း လေတိုက်နှုန်းမှာ ခန့်မှန်းထားသည်ထက် နိမ့်ကျသော လေတိုက်နှုန်းကြောင့် ဒေသအချို့တွင် သတိပေးချက် အဆင့်များ ကျဆင်းခဲ့ကြောင်းသိရသည်။
လေတိုက်နှုန်းသည် ဆက်လက်ကျဆင်းသွားဖွယ်ရှိပြီး လာမည့် ကြာသပတေးနေ့တွင် အခြေအနေများ ပိုမိုကောင်းမွန်လာနိုင်ကြောင်း အာဏာပိုင်များကဆိုသည်။
နိုင်ငံတကာ သတင်းဌာနများ၏ ဖော်ပြချက်အရ လော့စ်အင်ဂျလိစ် မီးသတ်တပ်ဖွဲ့သည် မီးသတ်အင်အား အနည်းဆုံးဌာနဖြစ်ပြီး လက်ရှိအချိန်တွင် အမေရိကန်မီးသတ်များအပြင် ကနေဒါ၊ မက္ကဆီကိုနှင့် ယူကရိန်းနိုင်ငံများမှ မီးသတ်ဝန်ထမ်းများပါ လုပ်အားပေးငြှိမ်းသတ်နေရကြောင်းသိရသည်။
#PAN #လော့စ်အင်ဂျလိစ် #မီးဘေး