(ပြည်တွင်း) ဇန်နဝါရီ ၁၅
ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာ (အရှေ့ပိုင်းမြို့နယ်)၊ (၇)ရပ်ကွက်ရှိ တေးဥယျာဉ် မင်္ဂလာကန်တော်မှ ဆိုလာစွမ်းအင်သုံး ရေသန့်စင်စနစ် အသုံးပြုပြီး သောက်သုံးရေ စတင်ပေးဝေနေပြီဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီထံမှ သိရသည်။
မင်္ဂလာကန်တော်အတွင်းမှ ရေများအားဆိုလာစွမ်းအင်သုံးရေသန့်စင်စနစ်အသုံးပြု၍ ပတ်ဝန်းကျင်ဒေသများရှိ ပြည်သူများအတွက် သောက်သုံးရေပေးဝေနေခြင်းဖြစ်ကြောင်း သိရသည်။
၂ ဒဿမ ၁ ဧက ကျယ်၀န်းပြီး ရေသိုလှောင်နိုင်မှုပမာဏ ၅ ဒဿမ ၁၀ ဂါလံ သန်း သိုလှောင်နိုင်သည့်ကန်အတွင်းမှ ရေများအားအနည်ချစနစ်ပြုလုပ်သည့် PE ရေတိုင်ကီကြီး(၂)လုံးနှင့် ပိုးသတ်စနစ်ပြုလုပ်သည့် PE ရေတိုင်ကီကြီး (၂)လုံးတို့ဖြင့် အဆင့်ဆင့်သန့်စင်၍ ပြည်သူများအား သောက်သုံးရေစတင်ပေးဝေနေခြင်းဖြစ်ပြီး ရပ်ကွက်အတွင်းရှိ ပြည်သူ (၃၇၁၁၇) ဦးနှင့်အနီး အနားရှိရပ်ကွက်များမှ ပြည်သူများသောက်သုံးရေ ဖူလုံစွာရရှိရေးအတွက် ရည်ရွယ်၍ ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်းသိရသည်။
ဆိုလာစွမ်းအင်သုံး ရေသန့်စင်စနစ် အသုံးပြု၍ သောက်သုံးရေ စတင်ပေးဝေခြင်း အခမ်းအနားကို ဇန်နဝါရီ (၁၃)ရက် နံနက်ပိုင်းကကျင်းပပြုလုပ်ခဲ့ပီဲး ရန်ကုန်တိုင်းဝန်ကြီးချုပ်မှ တက်ရောက်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။
#PAN #ဆိုလာစွမ်းအင်သုံးရေသန့်စင်စနစ် #လှိုင်သာယာအရှေ့ပိုင်းမြို့နယ် #တေးဥယျာဉ်မင်္ဂလာကန်တော်