(စီးပွားရေး) ဇန်နဝါရီ ၁၅
၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ဧပြီလမှဒီဇင်ဘာလအထိ ပျားရည်မက်ထရစ်တန်ချိန် ၁,၁၀၀ ကျော် တင်ပို့နိုင်ခဲ့ ပြီး အမေရိကန်ဒေါ်လာ ၁ ဒသမ ၇၀၄ သန်းကျော် ရရှိခဲ့ကြောင်း မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ပျားလုပ်ငန်းဌာန ပျားမွေးမြူမှုဖွံ့ဖြိုးရေးဌာနခွဲမှ သိရပါတယ်။
ပျားရည်ကို မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ပဲခူးတိုင်း ဒေသကြီးမှ အများဆုံးထွက်ရှိကြောင်း၊ ပျားရည်ကို ပုံမှန်ကုန်သွယ်ရေးလမ်းကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းများမှ အများဆုံးတင်ပို့လျက်ရှိပါတယ်။
ပျားရည်ကို ပြည်ပနိုင်ငံများဖြစ်တဲ့ ဂျပန်၊ တောင်ကိုရီးယား၊ ထိုင်း၊ တရုတ်နှင့် တရုတ်(တိုင်ပေ)တို့သို့ ပုံမှန်တင်ပို့လျက်ရှိပြီး ဂျပန်နိုင်ငံသို့ အများဆုံး တင်ပို့လျက်ရှိပါတယ်။
ပြည်တွင်း၌ နှမ်းပျားရည်၊ ဆီးပျားရည်၊ ပန်းနှမ်းပျားရည်၊ နေကြာပျားရည်၊ ရော်ဘာပျားရည်၊ လိုက်ချီး ပျားရည်ဟူ၍ ထုတ်လုပ်ပြီး ပျားရည်ကို ပြည်တွင်းမှာ ဆေးဝါးအဖြစ် အသုံးပြုမှုများသကဲ့သို့ ပြည်ပနိုင်ငံများသို့လည်း တင်ပို့လျက်နေရှိကြောင်း သိရပါတယ်။
#PAN #ပျားရည်မက်ထရစ်တန် #ပျားလုပ်ငန်း #ပျားရည်