(အားကစား) ဇန်နဝါရီ ၁၅
မြန်မာနိုင်ငံတင်းနစ်အဖွဲ့ချုပ်မှ ကြီးမှူးကျင်းပမည့် ၂၀၂၅ ခုနှစ်၊ မာဃမင်းဖလား တင်းနစ်ပြိုင်ပွဲကို လာမည့် ဇန်နဝါရီလ ၃၁ ရက်မှ ဖေဖော်ဝါရီလ ၃ ရက်အထိ ရန်ကုန်မြို့၊ မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ သိမ်ဖြူတင်းနစ်အားကစားကွင်း မှာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရပါတယ်။
အဆိုပါ မာဃမင်းဖလားတင်းနစ်ပြိုင်ပွဲတွင် ပြိုင်ပွဲအမျိုးအစားများဖြစ်တဲ့ အမျိုးသားအသင်းလိုက် တင်းနစ်ပြိုင်ပွဲ၊ အမျိုးသမီးအသင်းလိုက် တင်းနစ်ပြိုင်ပွဲ၊ ပထမတန်း အမျိုးသားတစ်ဦးချင်းပြိုင်ပွဲ၊ ပထမတန်း အမျိုးသမီးတစ်ဦးချင်း ပြိုင်ပွဲ၊ ပထမတန်း အမျိုးသားနှစ်ယောက်တွဲပြိုင်ပွဲ၊ ဒုတိယတန်း အမျိုးသားနှစ်ယောက်တွဲပြိုင်ပွဲ၊ ဒုတိယတန်း အမျိုးသမီး နှစ်ယောက်တွဲပြိုင်ပွဲ၊ အသက် ၅ဝ နှစ်နှင့်အထက် အမျိုးသားနှစ်ယောက်တွဲပြိုင်ပွဲ၊ အသက် ၆၀ နှစ်နှင့်အထက် အမျိုးသား နှစ်ယောက်တွဲပြိုင်ပွဲ၊ အသက် ၁၂ နှစ်အောက် အမျိုးသား/အမျိုးသမီး တစ်ဦးချင်းပြိုင်ပွဲ၊ အသက် ၁၆ နှစ်အောက် အမျိုးသား/အမျိုးသမီး တစ်ဦးချင်းပြိုင်ပွဲများ ထည့်သွင်းကျင်းပသွားမှာဖြစ်ပါတယ်။
ပြိုင်ပွဲကို ပြည်ပကစားသမားများအား ဝင်ရောက်ယှဉ်ပြိုင်ခွင့်ပေးမည်မဟုတ်ဘဲ ပြည်တွင်းကစားသမားများကို သာ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ပေးမှာဖြစ်ပါတယ်။
ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်လိုသူများအနေနဲ့ ဖုန်း ၀၉-၉၇၂၇၂၁၉၀၁ သို့ ဆက်သွယ်၍ ပြိုင်ပွဲဝင်ခွင့်ပုံစံ စာရွက်တောင်းဆိုကာ Viber မှတစ်ဆင့် အတည်ပြုစာရင်း ပေးသွင်းရမှာဖြစ်ပါတယ်။
ပြိုင်ပွဲနှင့်ပတ်သက်ပြီး အသေးစိတ်သိရှိလိုပါက ဦးဇော်မျိုးထွန်း ဖုန်း ၀၉-၅၀၄၉၆၄၆၊ ဦးခင်မောင်ဝင်း ဖုန်း ၀၉-၄၂၀၀၁၆၇၆၉၊ ဒေါ်ကြည်မြဇော် ဖုန်း ၀၉-၅၀၈၇၂၁၆ နှင့် ဦးထင်လင်းဆွေ ဖုန်း ၀၉-၅၁၉၉၆၄၁ တို့ထံ ဆက်သွယ် မေးမြန်းနိုင်ကြောင်း သိရပါတယ်။
#PAN #rမာဃမင်းဖလား #မြန်မာနိုင်ငံတင်းနစ်အဖွဲ့ချုပ်