“(၇၃) ကြိမ်မြောက် သီရိမင်္ဂလာကမ္ဘာအေးစေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်ကျင်းပမည်”

(ပြည်တွင်း)ဇန်နဝါရီ ၁၅

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့ ကျက်သရေဆောင် မဟာရွှေစည်ကြီးစေတီတော် ဗုဒ္ဓပူဇနိယပွဲတော်ကို လာမယ့်ဖေဖော်ဝါရီလ ၈ ရက်မှ ၁၃ ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း စေတီတော်ဂေါပကအဖွဲ့ထံမှ သိရပါတယ်။

 ပွဲတော်ကျင်းပရာတွင် ဖေဖော်ဝါရီလ ၈ ရက်မှ စတင်ပြီး အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲကို ငါးရက်တိုင် တိုင်ကျင်းပ၍ ဖေဖော်ဝါရီလ ၁၂ ရက်မှာ ပဋ္ဌာန်းသိမ်းအောင်ပွဲပြုလုပ်သွားမှာဖြစ်ပါတယ်။

ဖေဖော်ဝါရီလ ၁၃ ရက် နံနက် မှာ မဟာရွှေစည်ကြီးစေတီတော်လိုဏ်ဂူအတွင်း ဘုရားအနေကဇာတင်ပူဇော်ခြင်း၊ ပင့်သံဃာအပါး ၂၅၀ တို့အား ဆွမ်းဆန်စိမ်းလောင်းလှူခြင်း၊ ရေစက်ချမင်္ဂလာအခမ်းအနားပြုလုပ်ခြင်း၊ ဆရာတော်သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခြင်း၊ စတုဒိသာကျွေးမွေးခြင်းနှင့် ည ၆ နာရီမှာ စေတီတော်ကြီးနှင့် ရုပ်ပွားတော်များကို ဆီမီးထွန်းညှိပူဇော်ခြင်းများ ပြုလုပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရပါတယ်။

#PAN #ကန့်ဘလူမြို့ #ဗုဒ္ဓပူဇနိယပွဲတော် #မဟာရွှေစည်ကြီးစေတီတော်

https://positiveanglenews.com/2025/01/15/၇၃-ကြိမ်မြောက်-သီရိမင်/