(ပြည်တွင်း)ဇန်နဝါရီ ၁၄
မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ် ၊ လက်ပံကျင်း(တောင်) ကျေးရွာ နှင့် လက်ပံကျင်း(မြောက်) ကျေးရွာရှိအကြမ်းဖက်PDFများခြေကုတ်ယူထားသည့်နေရာများအား လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့်ပြည်သူ့ စစ်ဌာနေအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့မှသွားရောက်ရှင်း လင်းခဲ့ကြောင်း သိရသည်။
ယနေ့နံနက်၇နာရီခွဲအချိန်ခန့်က ကျေးလက်ဆေးပေးခန်းနှင့် ဘုန်းကြီးကျောင်းတို့၌ အကြမ်း ဖက် PDF များ ခြေကုတ်ယူ နေထိုင်လျှက်ရှိကြောင်း သတင်းရရှိ၍ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့်ပြည်သူ့ စစ်ဌာနေအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့မှသွားရောက်ရှင်း လင်းခဲ့ပြီး လက်ပံကျင်း(မြောက်) ကျေးရွာသို့ ဆက်လက်ရှင်းလင်းရာ အကြမ်းဖက် PDF များနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။
တိုက်ပွဲဖြစ်စဉ်အတွင်း ပြည်သူ့စစ်ဌာနေအဖွဲ့ဝင် ၁ဦးဒဏ်ရာရရှိခဲ့ပြီး အကြမ်းဖက် PDF အလောင်း ၁လောင်း၊လက်လုပ်မိုင်းများနှင့်ဆက်စပ်ပစ္စည်းများသိမ်းဆီးရရှိခဲ့ကြောင်း၊အကြမ်းဖက် PDF များမှာ လုံခြုံရေးတပ်ဖွဲ့များ၏ လက်နက် ကြီးပစ်ခတ်မှုနှင့် Drone ဖြင့် Drop Bomb ချတိုက်ခိုက်မှုများကြောင့် ထိခိုက်ဒဏ်ရာရရှိမှု များစွာဖြင့် သားကျင်ကျေးရွာဘက်သို့ ဆုတ်ခွာထွက်ပြေးသွားကြောင်း သတင်းရရှိသည်။
#PDF #ငါန်းဇွန်း #လက်ပံကျင်းတောင် #ပြည်သူ့စစ်ဌာနေ