ငါန်းဇွန်မြို့နယ်တွင် အရပ်သားတစ်ဦးအား အကြမ်းဖက် PDF များက သေနတ်ဖြင့်ပစ်ခတ် သတ်ဖြတ်

(မှုခင်း) ဇန်နဝါရီ ၁၄

မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်၊ သံကုန်းကျေးရွာတွင် အပြစ်မဲ့ သာမန်အရပ်သားတစ်ဦးအား အကြမ်းဖက်PDFအဖွဲ့မှ သေနတ်ဖြင့် ပစ်သတ်သွားကြောင်း သိရသည်။

ယမန်နေ့ည ၉နာရီခွဲအချိန်ခန့်က သံကုန်းကျေးရွာနေ ကိုသိန်းသန်းကျော်၊၂၂နှစ်၊(ဘ)ဦးကျော်ဆန်းသည် မိသားစုနှင့်အတူ နေအိမ်၌ရှိနေစဉ် ဆိုင်ကယ် ၃စီးဖြင့် အကြမ်းဖက် PDF  ၆ ဦးရောက်ရှိလာပြီး နေအိမ်အတွင်းသို့ဝင်ရောက်ကာ ကိုသိန်းသန်းကျော်အား သေနတ်ဖြင့်ပစ်ခတ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အကြမ်းဖက်သမားများ၏ပစ်ခတ်မှုကြောင့် ကိုသိန်းသန်းကျော်တွင် ဦးခေါင်းကျည်ဖောက်ထွက်ဒဏ်ရာ ၁ချက်ဖြင့် အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ကြောင်း၊ကိုသိန်းသန်းကျော် သည် ကျေးရွာအတွင်း သာမန် ဈေး ရောင်း/ဝယ် လုပ်ကိုင်နေသူတစ်ဦးသာဖြစ်ကြောင်း သိရသည်။

#PAN #မန္တလေး #PDF