(ပြည်တွင်း)ဇန်နဝါရီ ၁၄
မန္တလေးတိုင်းဒေသကြီး ၊ ပြည်ကြီးတံခွန်မြို့နယ်၊(စျ)ရပ်ကွက်၊၁၃၈×၇၀ လမ်းဒေါင့်ရှိ ဦးအိုက်ယူ ပိုင်ဆိုင်သော မန္တလေးချည်မျှင်စက်ရုံ(၁)အတွင်း မီးလောင်မှု ဖြစ်ပွားကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။
မီးလောင်မှုဖြစ်စဥ်မှာယနေ့မွန်းတည့် ၁၂နာရီ၅၃မိနစ်အချိန်ခန့်က စက်ရုံအတွင်း ဝါဖန့်စက်မော်တာမှ မီးပွားထွက်ရှိကာ အနီးရှိ စုပုံထားသော ဝါလိပ်များပေါ်သို့ မီးပွားကျရောက်ရာမှ မီးလောင်မှုဖြစ်ပွားခြင်းဖြစ်ကြောင်း၊ မီးလောင်နေရာသို့ မီးသတ်တပ်ဖွဲ့ဝင်များမှ သွားရောက်ငြှိမ်းသတ်ခဲ့ရာ မွန်းလွဲ၁နာရီကျော် အချိန်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။
အဆိုပါ မီးလောင်မှုကြောင့် ဝါ ၂၀ပိဿာ မီးလောင်ဆုံးရှုံးခဲ့ပြီး တန်ဖိုး ၂၀၀၀၀၀ကျပ် မီးလောင်ဆုံးရှုံခဲ့ကြောင်း၊ မီးလောင်မှုနှင့်ပတ်သက်ပြီး စက်ရုံမန်နေဂျာ ဦးရဲဝင်းနောင်၊၃၀နှစ်၊(ဘ)ဦးအိုက်ယူအား အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
#PAN #မန္တလေးချည်မျှင်စက်ရုံ၁ #မီးလောင်မှုဖြစ်