“မြို့နယ် ၅၅ မြို့နယ်ကို လေဘေးကြိုတင်ပြင်ဆင်ရေး စီမံချက်နဲ့ ဆောင်ရွက်မည်”

 (ပြည်တွင်း) ဇန်နဝါရီ ၁၃

၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွင်း ဧပြီလမှ နိုဝင်ဘာလအထိ လေဘေးကြောင့် နေအိမ် ၇,၉၀၀ ကျော် ထိခိုက်ပျက်စီးခဲ့သည့်အပြင် လူသေဆုံး၊ ထိခိုက်၊ ဒဏ်ရာရမှုများလည်း ဖြစ်ပေါ်ခဲ့ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ သိရပါတယ်။

လေပြင်းဘေးကြိုတင်ပြင်ဆင်ရေးစီမံချက်ကို ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလမှစတင်ပြီး လေဘေးအန္တရာယ် အများဆုံးဖြစ်ပွားတတ်သည့် ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီးနှင့် ရှမ်းပြည်နယ်တို့အတွင်းရှိ မြို့နယ်ပေါင်း ၅၅ မြို့နယ်ကိုရွေးချယ်ကာ ပြင်ဆင်ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အနေဖြင့် လေပြင်းတိုက်ခတ်မှု များကြောင့် ရပ်ရွာလူထု၏နေအိမ်များ ထိခိုက်ပျက်စီးမှု လျော့နည်းသက်သာစေရန်အတွက် လေပြင်းဒဏ်ကို ပိုမိုပြီး ခံနိုင်ရည်ရှိသော အိုးအိမ်များဖြစ်စေရေး အားဖြည့်၊ မွမ်းမံ၊ ပြင်ဆင်ခြင်းကို ဒေသအလိုက် အုပ်ချုပ်ရေးအဖွဲ့အစည်း များနှင့် ဒေသခံပြည်သူလူထု၏ ပူးပေါင်းပါဝင်မှုတို့ဖြင့် ဆောင်ရွက်ခဲ့ကြောင်း၊ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်မှ ၂၀၂၃- ၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း နေအိမ်ပေါင်း ၇၅,၀၀၀ ကျော် ပြင်ဆင်ပေးနိုင်ခဲ့ပြီး နှစ်စဉ်နှစ်တိုင်းမှာ လေဘေး အန္တရာယ် ကျရောက်နိုင်သော ဆောင်းအကုန်နွေအကူးကာလမှစ၍ မုတ်သုံမတိုင်မီကာလတွင် နေအိမ်များ လေပြင်းဒဏ်ခံနိုင်ရန် ကြိုတင်ပြင်ဆင်ခြင်းနှင့် လေပြင်းဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးခြင်းတို့ကို ဆောင်ရွက် လျက်ရှိကြောင်း သိရပါတယ်။

#PAN #လေဘေး