“ဒီဇင်ဘာလမှာ ပြည်ပသို့ ဆန်၊ ဆန်ကွဲ တင်ပိုမှုမှ အမေရိကန်ဒေါ်လာ ၁၄၅ သန်းရရှိခဲ့”

(စီးပွားရေး) ဇန်နဝါရီ ၁၀

ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်း ပြည်ပသို့ ဆန်၊ဆန်ကွဲ တန်ချိန် ၃၃၇,၄၉၀ တန်တင်ပို့ခဲ့ပြီး အမေရိကန် ဒေါ်လာ ၁၄၅ သန်းရရှိခဲ့ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ ထုတ်ပြန်ထားတဲ့ အချက်အလက်များ အရ သိရပါတယ်။

ပြည်ပသို့ ကုမ္ပဏီပေါင်း ၅၀ ကျော်မှ ပင်လယ်ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းမှ တဆင့် နိုင်ငံပေါင်း ၈ နိုင်ငံသို့ တင်ပို့ခဲ့‌ခြင်းဖြစ်ကြောင်း သိရပါတယ်။

ယခုဘဏ္ဍာနှစ်ရဲ့ ကိုးလတာအတွင်း ပြည်ပသို့ ဆန်တန်ချိန် ၂,၀၃၄,၆၅၆ တန်တင်ပို့ထားပြီး ယင်းမှ အမေရိကန်ဒေါ်လာ ၉၄၈ သန်းရရှိထားကြောင်း သိရပါတယ်။

၂၀၂၄ -၂၀၂၅ ဘဏ္ဍာရေးနှစ်အတွင်း ပြည်ပနိုင်ငံများသို့ ဆန်နှင့်ဆန်ကွဲတင်ပို့မှု အနေနဲ့ ဧပြီလမှာ ၁၁၁,၈၆၂ မက်ထရစ်တန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၅၅ သန်း၊ မေလတွင် ၇၁,၂၇၉ ဒသမ ၅ မက်ထရစ် တန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၃၆ သန်း၊ ဇွန်လတွင် ၁၆,၂၃၂,၅၇၅ မက်ထရစ်တန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၈၄ သန်း၊ ဇူလိုင်လတွင် ၁၆၅,၄၄၄ ဒသမ ၃ မက်ထရစ်တန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၈၁ သန်း၊ ဩဂုတ်လတွင် ၂၀၇,၃၆၉ ဒသမ ၉ မက်ထရစ်တန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၉၇ သန်း၊ စက်တင်ဘာလတွင် ၂၁၉,၅၆၅ ဒသမ ၁၃ မက်ထရစ်တန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁၀၄ သန်း၊ အောက်တိုဘာလတွင် ၄၂၄,၇၈၄ မက်ထရစ်တန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁၈၉ သန်း၊ နိုဝင်ဘာလတွင် ၃၃၄,၅၃၅ မက်ထရစ်တန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁၅၆ သန်း၊ ဒီဇင်ဘာလတွင် မက်ထရစ်တန် ၃၃၇,၄၉၀ တန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁၄၅ သန်း ရရှိထားကြောင်း သိရပါတယ်။

#PAN #ဆန်တင်ပို့မှု #ပြည်ပ