မြန်မာ့လေကြောင်း IOSA လက်မှတ် သက်တမ်းတိုးဆောင်ရွက်


(စီးပွားရေး) ဇန်နဝါရီ ၈

အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်း (MAI)က ကမ္ဘာ့လေကြောင်းပို့ဆောင်ရေးကဏ္ဍတွင် အမြင့်ဆုံးသတ်မှတ် ချက်တစ်ခုဖြစ်တဲ့ အပြည်ပြည်ဆိုင်ရာလေကြောင်းပို့ဆောင်ရေးအဖွဲ့ (IATA)၏ လုပ်ငန်းဆိုင်ရာ အရည်အသွေးစစ်ဆေးမှု အစီအစဉ် (IOSA) လက်မှတ်အား သက်တမ်းတိုးခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးပြီးဖြစ်ကြောင်း MAI ၏ ထုတ်ပြန်ချက်အရ သိရပါတယ်။

၂၀၁၂ ခုနှစ်ကတည်းက IOSA လက်မှတ်ရရှိထားတဲ့ လေကြောင်းလိုင်းတစ်ခုအနေနဲ့ ယခုသက်တမ်းတိုး ဆောင်ရွက်မှုသည် MAI ၏ အထူးကောင်းမွန်သည့် ပျံသန်းရေးဆိုင်ရာ လုပ်ငန်း ဆောင်ရွက်ချက်နှင့် ခရီးသည်များ ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် အားထုတ်ကြိုးပမ်းမှုများကို ပြသခြင်းဖြစ်ပါတယ်။

IOSA program သည် မြန်မာ့လေကြောင်းပို့ဆောင်ရေး ဘေးအန္တရာယ်ကင်းရှင်းလုံခြုံမှုဆိုင်ရာ တင်းကျပ်သည့် စစ်ဆေးအကဲဖြတ်မှုများကြောင့် ကမ္ဘာတစ်ဝန်းလုံးမှ အသိအမှတ်ပြုထားတဲ့ program တစ်ခုဖြစ်ပြီး IOSA သည် လေကြောင်းလိုင်းတစ်ခု၏ ပျံသန်းမှုဆိုင်ရာ လုပ်ငန်းကဏ္ဍအားလုံးအပေါ်တွင် ဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ စီမံ ခန့်ခွဲမှုစနစ် အရည်အသွေး ထိန်းသိမ်းမှုနှင့် လုပ်ငန်းလည်ပတ်ခြင်းဆိုင်ရာ စီမံခန့်ခွဲမှုတို့ကို စစ်ဆေးအကဲဖြတ်ရန် ပုံစံရေး ဆွဲထားသည့် ကမ္ဘာလုံးဆိုင်ရာ လုပ်ငန်းစံနှုန်းတစ်ခုဖြစ်တယ်လို့ ထုတ်ပြန်ချက်တွင်ပါရှိပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN