ဂရင်းလန်းနှင့် ပနားမားတူးမြောင်းကို သိမ်းပိုက်ရန် ထရမ့်က ထပ်မံခြိမ်းခြောက်


(နိုင်ငံတကာ) ဇန်နဝါရီ ၈

ရွေးကောက်ခံသမ္မတ ထရမ့်သည် ဒိန်းမတ်ပိုင် ဂရင်းလန်းနှင့် ပနားမားတူးမြောင်းကို သိမ်းပိုက်ရန် ထရမ့်က ထပ်မံခြိမ်းခြောက်ခဲ့ကြောင်းသိရသည်။

အဆိုပါဒေသနှစ်ခုသည် အမေရိကန်၏ အမျိုးသားလုံခြုံရေးအတွက် အရေးပါသည်ဟုဆိုကာ ထပ်ခါတလဲလဲတောင်းဆိုနေခြင်းဖြစ်သည်။

ထရမ့်က အကြိမ်ကြိမ်ခြိမ်းခြောက်တောင်းဆိုနေသော်လည်း ဒိန်းမတ်နှင့် ပနားမား နိုင်ငံနှစ်ခုလုံးမှ ပယ်ချထားသည်။

ဒိန်းမတ်ဝန်ကြီးချုပ်က ဂရင်းလန်းသည် ဂရင်းလန်းဒေသခံများ၏အပိုင်ဖြစ်ပြီး ဒေသခံလူထုများကသာ ၎င်းတို့၏အနာဂါတ်ကို ဆုံးဖြတ်နိုင်ကြောင်း ပြောဆိုခဲ့သည်။

ပနားမားတူးမြောင်သည်လည်း အမေရိကန်သမ္မတ ဂျင်မီကာတာလက်ထပ်တွင် ပနားမားသို့ တဖြည်းဖြည်းလွှဲပြောင်းခဲ့ပြီး ၁၉၇၇ ခုနှစ်တွင် ပနားမားက တူးမြောင်းကို အလုံးစုံထိန်းချုပ်ခဲ့သည်။

Webpage>>…
https://positiveanglenews.com/2025/01/08/တိဗက်-ငလျင်ကြောင့်-လူ-၁၂/

VK Link>>…
https://vk.com/wall-220066330_10218

Telegram»…
https://t.me/positiveanglenews

PAN