(ပြည်တွင်း) ဇန်နဝါရီ ၈
မြန်မာနိုင်ငံဗဟိုဘဏ်က လူမှုကွန်ယက်စာမျက်နှာများပေါ်မှတစ်ဆင့် ကောလာဟလရေးသားထုတ်လွှင့်သူ များကို စိစစ်ဖော်ထုတ်အရေးယူသွားမည်ဟု အသိပေးခဲ့ပါတယ်။
လူမှုကွန်ယက်စာမျက်နှာမှာ ငွေကျပ် ၂၀,၀၀၀ တန်နှင့်ပတ်သက်ပြီး ကောလာဟလသတင်းများ ထုတ်လွှင့် ကာ ကုန်ပစ္စည်းများဈေးကစားရန်၊ ဒေါ်လာအပါအဝင် နိုင်ငံခြား ငွေများအားဈေးကစားရန်၊ တည်ငြိမ်နေတဲ့ ငွေကြေး ဈေးကွက်နှင့် ရွှေဈေးကွက်များပျက်ပြားစေရန်၊ နိုင်ငံတော်ရဲ့စီးပွားရေး ကမောက်ကမဖြစ်စေရန်ရည်ရွယ်ချက်များနဲ့ ဆောင်ရွက်နေကြခြင်းဖြစ်တယ်လို့ အသိပေးခဲ့တာ ဖြစ်ပါတယ်။
ဒါကြောင့် ဗဟိုဘဏ်အနေနဲ့ ရည်ရွယ်ချက်ရှိရှိဖြင့် သတင်းတုသတင်းယောင် ထုတ်လွှင့်သူများကို ထိရောက် စွာ အရေးယူနိုင်ရန် သက်ဆိုင်ရာတာဝန်ရှိသူများနှင့်ပူးပေါင်း၍ စိစစ်ဖော်ထုတ်အရေးယူရန် စီစဉ်လျက်ရှိတယ်လို့ အသိပေးခဲ့တာ ဖြစ်ပါတယ်။
ဗဟိုဘဏ်အနေနဲ့ နိုင်ငံခြားငွေကြေးနှင့်ပတ်သက်၍ FX Market Online Trading Platform မှတဆင့် နေ့စဉ်သွင်းကုန်လုပ်ငန်းရှင်များသို့ နိုင်ငံခြားငွေများကို ရောင်းချပေးခြင်း၊ နိုင်ငံခြားငွေ အရောင်းအဝယ်ဈေးနှုန်းများနှင့် ပမာဏများ၊ ရည်ညွှန်ဈေးနှုန်းများကို ဗဟိုဘဏ်ရဲ့ Website မှာနေ့စဉ် ထုတ်ပြန် ပေးလျက်ရှိတယ်လို့ အသိပေးခဲ့တာ ဖြစ်ပါတယ်။
ဒါ့အပြင် ရွှေဈေးနှင့်ပတ်သက်၍ ဓာတ်သတ္တု(ရွှေ) ရည်ညွှန်းဈေးသတ်မှတ်ရေးကော်မတီမှ နေ့စဉ်ထုတ် သတင်းစာများမှာ ထုတ်ပြန်ပေးလျက်ရှိကာ ဈေးနှုန်းပိုမိုရောင်းချသူများကို အရေးယူသွားမည်ဖြစ်ကာ ဒေါ်လာဈေး နှင့် ရွှေဈေးများကို စိစစ်ပြီးမှသာ အရောင်းအဝယ်ပြုလုပ်ကြရန်လည်း ဗဟိုဘဏ်က အသိပေးခဲ့တာ ဖြစ်ပါတယ်။
Telegram»…
https://t.me/positiveanglenews