ရွေးကောက်ပွဲကျင်းပချိန်မှာ နိုင်ငံတကာမှလေ့လာရေးအဖွဲ့များကို ဖိတ်ခေါ်သွားမည်


(ပြည်တွင်း) ဇန်နဝါရီ ၈

ရွေးကောက်ပွဲကျင်းပချိန်မှာ နိုင်ငံတကာမှလေ့လာရေးအဖွဲ့များကို ဖိတ်ခေါ်သွားမယ်လို့ နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ဇန်နဝါရီလ ၇ ရက်နံနက် ၁၀ နာရီက မြန်မာနိုင်ငံဆိုင်ရာ အီရန်နိုင်ငံသံအမတ်ကြီးအ ဖြစ်ခန့်အပ်ရန် သဘောတူညီပြီးဖြစ်သော သံအ မတ်ကြီး H.E. Dr. Nassereddin HEIDARI ၏ သံအမတ်ခန့်အပ်လွှာအား လက်ခံရယူစဥ်မှာ ပြောကြားခဲ့ခြင်း ဖြစ်ပါတယ်။

နစကဥက္ကဋ္ဌမှ မြန်မာနိုင်ငံ၏နိုင်ငံရေး ဖြစ်ပေါ်တိုးတက်ပြောင်းလဲမှုများ၊ လွှတ်လပ်၍တရားမျှတတဲ့ ရွေးကောက်ပွဲကျင်းပနိုင်ရန် အတတ်နိုင်ဆုံးကြိုတင် ပြင်ဆင်ဆောင်ရွက်နေမှု၊ လွတ်လပ်၍တရားမျှတသော ရွေးကောက်ပွဲဖြစ်စေရန် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးလိုအပ်မှုနှင့် ရွေးကောက်ပွဲကျင်းပချိန်တွင် နိုင်ငံတကာမှလေ့လာရေးအဖွဲ့များ ဖိတ်ခေါ်သွားနိုင်ဖို့ကို ဆွေးနွေးပြောကြားခဲ့ပါတယ်။

ဒါ့အပြင် မြန်မာ-အီရန်နှစ်နိုင်ငံကြား ချစ်ကြည်ရင်းနှီးမှုနှင့် သံတမန်ဆက်ဆံရေးဆိုင်ရာများ၊ အပြန်အလှန် ကုန်သွယ်မှုများ မြှင့်တင်ဆောင်ရွက်ရေး၊ သိပ္ပံနည်းပညာကဏ္ဍ၊ စိုက်ပျိုးရေးကဏ္ဍနှင့် ကာကွယ်ရေးကဏ္ဍများမှာ ပူးပေါင်းဆောင်ရွက်မှုများမြှင့်တင်နိုင်တဲ့ အခြေအနေများကို ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။

ဆက်လက်ပြီး ယဉ်ကျေးမှုများအပြန်အလှန်ဖလှယ်ရေး၊ နှစ်နိုင်ငံကြားချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးတက်ကောင်းမွန်အောင် မြှင့်တင်ဆောင်ရွက်သွားမယ့်အခြေအနေများကို ဆွေးနွေးခဲ့ကြပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN