တိဗက် ငလျင်ကြောင့် လူ ၁၂၀ ကျော် သေဆုံး နိုင်ငံတော်အဆင့် ကယ်ဆယ်ရေးများလုပ်ဆောင်နေ


(နိုင်ငံတကာ) ဇန်နဝါရီ ၈

တရုတ်နိုင်ငံ၊ တိဗက်ဒေသတွင် ပြင်းထန်သည့် မြေငလျင် လှုပ်ခတ်မှုကြောင့် လူပေါင်း ၁၂၀ ကျော်သေဆုံးခဲ့ပြီး အများအပြားပျောက်ဆုံးနေကြောင်းသိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၇ ရက်နေ့ နံနက်ပိုင်းက ဖြစ်ပွားခဲ့သည့် အဆိုပါ ငလျင်ကြောင့် အရေးပေါ်အခြေအနေအဆင်(၂) အဖြစ်ကြေညာခဲ့ပြီး ရှာဖွေကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးအသုံးပြုရန် တရုတ်ယွမ် မီလီယံ ၁၀၀ ကို ထပ်မံဖြည့်တင်းထားကြောင်းသိရသည်။

တရုတ်အရေးပေါ်စီမံခန့်ခွဲရေးဝန်ကြီးဌာနက ၏ ဦးဆောင်မှုဖြင့် ငလျင်ဒဏ်သင့်ဒေသသို့ ကယ်ဆယ်ရေးဝန်ထမ်း ၁၄၀၀၀ ကျော် စေလွှတ်ခဲ့ပြီး ရှာဖွေကယ်ဆယ်ရေးများလုပ်ဆောင်နေကြောင်းသိရသည်။

အဆိုပါဒေသသည် ဧဝရက်တောင်ခြေနှင့် မိုင် ၅၀ ခန့်သာ ကွာဝေးပြီး လက်ရှိအချိန်တွင် လူပေါင်း ၄၀၀ ကျော်ကို ရှာဖွေကယ်ဆယ်ထားနိုင်ပြီး နေအိမ်များလည်း အများအပြားပျက်စီးနေကြောင်းသိရသည်။

တရုတ်နိုင်ငံပိုင် မီဒီယာ၏ထုတ်ပြန်ချက်အရ ပြည်သူ ၃၀၀၀၀ ကျော်ကို အရေးပေါ် ရွှေ့ပြောင်းပေးခဲ့ရပြီး အဆောက်အဦးပေါင်း ၃၆၀၀ ကျော်ပျက်စီးခဲ့ကြောင်းသိရသည်။

သမ္မတရှီကျင့်ဖျင်က အသေအပျောက်အနည်းဆုံးဖြစ်ရေးနှင့် ထိခိုက်သူများအား ပြန်လည်နေရာချထားရေး အစွမ်းကုန်ကြိုးပမ်းရန် ညွှန်ကြားထားကြောင်းသိရသည်။

တရုတ်လေတပ်မှ လေယာဉ်ပေါင်းများစွာ တပ်ဖြန့်ထားပြီး ကယ်ဆယ်ရေးအသုံးပြုရန်ဒရုန်းအစင်းရေ ထောင်နှင့်ချီ အသုံးပြုနေကြောင်းသိရသည်။

Telegram»…
https://t.me/positiveanglenews

PAN