(ပြည်တွင်း) ဇန်နဝါရီ ၅
လယ်ဝေးမြို့နယ် အောင်းကုန်းကျေးရွာ အောင်းကုန်းရှေ့ဟောင်းကျောင်းတော်ကြီးတွင် ကျင်းပပြုလုပ်သည့် အမေရိကန်ရောက် ၈၈ နိုင်ငံရေးမျိုးဆက်သစ်များကအမျိုးဘာသာသနာတက်ကြွလှုပ်ရှားသူများအားဂုဏ်ပြုခြင်းအခမ်းအနားကို ဒီကနေ့ နေ့လည် ၂ အချိန်ခန့်က ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

အခမ်းအနားမှာ ၇၇ နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် လွတ်လပ်ရေးနှင့် မြန်မာ့အမျိုးသားရေးစိတ်ဓာတ် စကားပြောစွမ်းရည်ပြိုင်ပွဲဆုရ ကျောင်းသူကျောင်းသားများအား ဆုချီးမြှင့်ခြင်း တတိယအကြိမ်မြောက် အမေရိကန်ရောက် ၈၈ နိုင်ငံရေးမျိုးဆက်သစ်များက အမျိုးဘာသာသနာတက်ကြွလှုပ်ရှားသူများအားဂုဏ်ပြုခြင်းများပြုလုပ်ခဲ့သည်။
#PAN