(နိုင်ငံတကာ) ဒီဇင်ဘာ ၂၇
ရုရှားအစိုးရအနေဖြင့် ယူကရိန်းပဋိပက္ခကို မကြာမီ အမေရိကန်သမ္မတအဖြစ် တာဝန်ယူမည့် ဒေါ်နယ် ထရမ့်နှင့် တွေ့ဆုံဆွေးနွေးသွားရန် အသင့်ရှိကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီလက်ရော့ က ဒီဇင်ဘာလ ၂၆ ရက်တွင် ပြောသည်။
ထို့ပြင် ထရမ့်၏ ရုရှားနှင့်ယူကရိန်းဆိုင်ရာ အထူးကိုယ်စားလှယ် ကိပ်ကဲလော့ ပါဝင်သော အဖွဲ့အနေဖြင့် ယူကရိန်းပဋိပက္ခဖြစ်ပွားရသည့် အကြောင်းရင်းဇာစ်မြစ်ကို သိရှိပြီး ဖြေရှင်းနိုင်မည်ဟု ရုရှားအစိုးရ က မျှော်လင့်ကြောင်း နှစ်ကုန်သတင်းစာရှင်းလင်းပွဲ၌ လက်ရော့က ပြောထားခြင်း ဖြစ်သည်။
ထို့အတူ ရုရှားသမ္မတ ဗလာဒီမာပူတင်အနေဖြင့် ယူကရိန်းပဋိပက္ခအဆုံးသတ် နိုင်စေရေးအတွက် ဆွေးနွေး လုပ်ဆောင်ရန် လမ်းဖွင့်ပေးထားကြောင်း၊ သို့သော် အဓိပ္ပါယ်ရှိပြီး ပြဿနာ၏ ဇာစ်မြစ်ကို ဖြေရှင်းနိုင်သည့် ဆွေးနွေးမှုများကိုသာ လက်ခံနိုင်မည်ဖြစ်ကြောင်းနှင့် လိုလားချက်များကိုလည်း ယခုနှစ် အစောပိုင်းကတည်း က ထုတ်ပြန်ထားပြီး ဖြစ်ကြောင်း လက်ရော့က ပြောသည်ဟု RT သတင်းဌာနတွင် ဖော်ပြထားသည်။
Telegram»…
https://t.me/positiveanglenews