(နိုင်ငံတကာ) ဒီဇင်ဘာ ၁၉
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုးရကပြုလုပ်ပေးခဲ့တဲ့ ၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲ မဲမသမာမှုတွေအပြီး နောက်တစ်နှစ် ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီ (၁) ရက် နောက်ပိုင်းကစလို့ စစ်ရေး ၊ နိုင်ငံရေးအပါအဝင် အထွေထွေအကြပ်အတည်းပေါင်းစုံနဲ့ ရင်ဆိုင်နေရတဲ့ မြန်မာ့အရေး အဖြေရှာဖို့ ဆွေးနွေးကြမယ့် မြန်မာ့အရေး အလွတ်သဘောဆွေးနွေးပွဲကို ဒီကနေ့ ဒီဇင်ဘာ (၁၉) ရက် နံနက်ပိုင်းမှာ ထိုင်းနိုင်ငံ ၊ ဘန်ကောက်မြို့မှာ စတင်နေပါတယ်။
ဒီဆွေးနွေးပွဲကို လတ်တလော အာဆီယံအလှည့်ကျ ဥက္ကဋ္ဌဖြစ်တဲ့ လာအိုနဲ့ အိမ်ရှင် ထိုင်းနိုင်ငံက ကမကထလုပ် စီစဉ်ခဲ့တာဖြစ်ပြီး မြန်မာနိုင်ငံက ဒုတိယဝန်ကြီးချုပ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ တက်ရောက်နေတယ်လို့လည်း သိရပါတယ်။
ဒီဇင်ဘာ (၁၉) ရက်ကနေ (၂၀) ရက်နေ့အထိ (၂) ရက်တာ ကျင်းပမယ့် အဲဒီမြန်မာ့အရေး အလွတ်သဘောဆွေးနွေးပွဲကို တရုတ်နိုင်ငံခြားရေးဒုဝန်ကြီး စွန်းဝေတုန်လည်း တက်ရောက်ဖို့ရှိနေတဲ့အပြင် ထိုင်း ၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ လာအိုက နိုင်ငံခြားရေးဝန်ကြီးတွေလည်း တက်ရောက်ဆွေးနွေးမယ်လို့ သိရပါတယ်။
Telegram»…
https://t.me/positiveanglenews