(ပြည်တွင်း) ဒီဇင်ဘာလ ၁၈
ရှမ်းပြည်နယ်မြောက်ပိုင်းက တရုတ်- မြန်မာနယ်စပ် မူဆယ်မြို့မှာ လုံခြုံရေးပူးပေါင်းအဖွဲ့တွေက ကျားဖြန့်လုပ်ငန်းလုပ်ကိုင်သူကို ဖမ်းဆီးနေစဉ် လက်နက်ကိုင်တစ်ချို့နဲ့ အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၆ ရက် နေ့လည် ၃နာရီဝန်းကျင်က မူဆယ်မြို့ ဟိုနားရပ်ကွက် နယ်မြေ(၂) ၊ စိန်စီဟိုတယ်နဲ့ ၉၇ ဆပ်ပြာ ကုမ္ပဏီ အနီးတဝိုက်မှာရှိတဲ့ ကျားဖြန်လုပ်ငန်း လုပ်ကိုင်သူကို လိုက်လံဖမ်းဆီးခဲ့ကြတာဖြစ်တယ်လို့လည်း သိရပါတယ်။
မူဆယ်မြို့က ကျားဖြန့်လုပ်ငန်း ဦးဆောင်နေသည့် သူဌေး ၄ ဦးကိုဖမ်းဆီးပေးဖို့ တရုတ်နိုင်ငံက ပြောဆိုလာတာကြောင့် ဝင်ရောက်ဖမ်းဆီးစဉ် လက်နက်ကိုင်တစ်ချို့နဲ့ ပစ်ခတ်မှုဖြစ်ပွားခဲ့တာဖြစ်တယ်လို့ ရှမ်းပြည်ဘက်က သတင်းတွေမှာဖော်ပြနေပါတယ်။
အဲဒီ ပစ်ခတ်မှုတွေကြောင့် ထိခိုက်ဒဏ်ရာ ရရှိသူတစ်ချို့ရှိတယ်လို့ သိရပေမယ့် အရေအတွက်နဲ့ ပြင်းထန်မှုဘယ်လောက်ရှိသလဲဆိုတာကိုတော့ သိရှိထားတာ မရှိပါဘူး။
ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၃ ရက်နေ့ကလည်း မူဆယ်မြို့နယ်မှာ ကျားဖြန့်လုပ်ကိုင်သူ (၆၀၀)ဝန်းကျင်ထမ်းဆီးခဲ့တယ်လို့ သိရပါတယ်။
#PAN