“ကြံတစ်တန် စက်ရုံအရောက်ဈေး ကျပ် ၂ သိန်းအထိရရှိ”

(ပြည်တွင်း) ဒီဇင်ဘာ ၁၇

ယခုနှစ် နိုဝင်ဘာလကုန်မှစကာ ကြံရာသီအသစ်သို့ ရောက်ရှိချိန်တွင် ပြည်တွင်းရှိ သကြားစက်ရုံများအနေနဲ့ ဒီဇင်ဘာလလယ်မှ စတင်၍ လည်ပတ်လာပြီဖြစ်ပြီး စက်ရုံအရောက် ကြံတစ်တန်ဈေးကို ကျပ် ၁၈၀,၀၀၀ မှ ၂၀၀,၀၀၀ အထိ ဈေးကောင်းပေးဝယ်နေကြောင်း မြန်မာနိုင်ငံသကြားနှင့် ကြံထွက်ပစ္စည်းလုပ်ငန်းရှင်များအသင်းထံမှ သိရ ပါတယ်။

ပြီးခဲ့တဲ့ ကြံကြိတ်ခွဲရာသီမှာ ကြံတစ်တန်ဈေးမှာ ကျပ် ၁၅၀,၀၀၀ သာ ရရှိခဲ့သော်လည်း ယခုနှစ်မှာတော့ ဈေးနှုန်းမြင့်လာပြီး သယ်ယူပို့ဆောင်စရိတ်ကို တောင်သူတွေဘက်က ကျခံပေးရမှာဖြစ်တယ်လို့ အသင်းတာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

ယခုနှစ် ကြံကြိတ်ခွဲရာသီ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလမှ ၂၀၂၅ ခုနှစ်၊ ဧပြီလအထိ ကြံတစ်တန်ကို စက်ရုံအရောက် ငွေကျပ် ၁၈၀,၀၀၀ မှ ၂၀၀,၀၀၀ နှုန်းအထိ ပေးချေ၍ဝယ်ယူသွားမှာဖြစ်ကြောင်း မြန်မာနိုင်ငံသကြားနှင့် ကြံထွက် ပစ္စည်းလုပ်ငန်းရှင်များအသင်းမှ သိရပါတယ်။

မြန်မာနိုင်ငံအနေနဲ့ ကြံကို စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်တောင်ပိုင်းနှင့်မြောက်ပိုင်းတို့မှာ အဓိကစိုက်ပျိုးကြကာ ရန်ကုန်တိုင်းဒေသကြီးမှာလည်း စိုက်ပျိုးမှု အနည်းငယ်ရှိပါတယ်။

#PAN