ငဖဲ မြို့မရဲစခန်းနှင့်ထွေအုပ်ရုံး Drop Bomb ချခံရ


(ပြည်တွင်း) ဒီဇင်ဘာ ၁၆

အကြမ်းသမားများဖြစ်သည့် PDF များမှ ယနေ့ ဒီဇင်ဘာလ ၁၆ ရက်နေ့ နံနက် ၆ နာရီနှင့် ၆ နာရီ ၅ မိနစ်အချိန်တို့တွင် ငဖဲမြို့ မြို့မရဲစခန်းအတွင်းနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးများသို့ Drop Bomb ချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

မြို့မရဲစခန်းအတွင်းသို့ ပစ်ချတိုက်ခိုက်ခဲ့သည့် ဗုံးများ ပေါက်ကွဲခြင်းမရှိသော်လည်း မြို့နယ် ထွေအုပ်ရုံးဝင်းအတွင်းသို့ ကျရောက်ခဲ့သောဗုံးသီးမျပေါက်ကွဲခဲ့သည့်အတွက် အဆောက်အဦးအချို့ ထိခိုက်ခဲ့ပြီး လူထိခိုက်ခြင်းမရှိကြောင်း သိရသည်။

“ညနေ ၅ နာရီခွဲလောက်ကမြို့ပေါ်ကိုပျံလာတယ်။ရဲစခန်းထဲကို ၂ လုံးချတာ မကွဲဘူး။ ၅ မိနစ်လောက်ပဲကွာတယ် ထွေအုပ်ရုံးထဲ၂ လုံးကျတယ် ရုံးရှေ့ကအလံတိုင်အနားကိုတစ်လုံး ရုံးခန်းမနဲ့ ဒုဦးစီးများရုံးအကြားကိုတစ်လုံးကျတယ်။ ရုံးနံရံနည်းနည်းထိတယ် လူတော့ ထိတာမရှိဘူး” ဟု ဖြစ်စဥ်နှင့်ပတ်သက်ပြီး သိရှိထားသူတစ်ဦးမှ PAN ကိုပြောသည်။

ငဖဲမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအား Drop Bomb ၂လုံး ပစ်ချတိုက်ခိုက်ခဲ့ရာ ရုံးရှေ့ အလံတိုင်အနီးနှင့် ထွေအုပ်ရုံးခန်းမနှင့် ဒုဦးစီးများရုံးအကြား ကျရောက်ပေါက်ကွဲခဲ့သော်လည်းမ ပြတင်းတံခါးမှန်များနှင့် နံရံအချို့ ပေါက်ကွဲပျက်စီးခဲ့ရကြောင်း သိရသည်။

လုံခြုံရေးအဖွဲ့များမှ နယ်မြေရှင်းဆောင်ရွက်ခဲ့ရာ ချောင်းဖြူကျေးရွာမြောက်ဘက် ၂ဖာလုံခန့်အကွာ အရောက်တွင် ဒရုန်းတစ်စီး ထပ်မံပျံတက်လာသဖြင့် ဒရုန်း ပျံတက်ဆုတ်ခွာရာလမ်းကြောင်းအား ရှင်းလင်းခဲ့သည်ဟုသိရပြီး လက်ရှိတွင် ငဖဲမြို့မှာ ငြိမ်သက်လျှက်ရှိကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN