(နိုင်ငံတကာ) ဒီဇင်ဘာ ၁၅
ကမ္ဘောဒီးယားနိုင်ငံသည် ၂၀၂၄ ခုနှစ် ဇန်နဝါရီလမှ နိုဝင်ဘာလအတွင်း နိုင်ငံခြားသား ခရီးသွား ဧည့်သည် ခြောက်သန်းကျော်ဝင်ရောက်မှု စံချိန်တင်ခဲ့ပြီး ယခင်နှစ်ထက် ၂၂ ရာခိုင်နှုန်းတိုးလာကြောင်း ကမ္ဘောဒီးယား ခရီးသွားလုပ်ငန်းဝန်ကြီး ဟွတ်ဟတ်က ဒီဇင်လာလ ၁၄ ရက်တွင် ပြောကြားခဲ့သည်။
ယခုနှစ်ကုန်ပိုင်းအထိ နိုင်ငံခြားသား ခရီးသွား ၆ ဒသမ ၇ သန်း လာရောက်ရန်မျှော်မှန်းရန် မျှော်မှန်းထားကြောင်း ကမ္ဘောဒီးယား ခရီးသွားလုပ်ငန်းဝန်ကြီး က ဆက်လက်ပြောသည်။
အဆိုပါ ကိန်းဂဏန်းသည် ၂၀၁၉ ခုနှစ် ကိုဗစ်-၁၉ ရောဂါကူးစက်မှုကာလအတွင်း နိုင်ငံခြားသားခရီးသွား ဧည့်သည် ဝင်ရောက်မှုပမာဏကို ကျော်လွန်မည်ဖြစ်ကြောင်း ကမ္ဘောဒီးယား ခရီးသွားလုပ်ငန်းဝန်ကြီး ဟွတ်ဟတ်က ကမ်ပေါ့ပြည်နယ် အနောက်တောင်ပိုင်းတွင် ပြုလုပ်သည့် ၁၁ ကြိမ်မြောက် ပင်လယ်ပြင်ဖွင့်ပွဲ အခမ်းအနားတွင် ပြောကြားခဲ့သည်။
၂၀၁၉ ခုနှစ်တွင် ကမ္ဘောဒီးယားနိုင်ငံသို့ နိုင်ငံခြားခရီးသွား ၆ ဒသမ ၆ သန်း ဝင်ရောက်ခဲ့ကြောင်း ဆင်ဟွာသတင်းဌာနတွင် ဖော်ပြထားသည်။
#PAN