ရုရှားက ယူကရိန်း၏တိုက်ခိုက်မှုကို လက်တုံ့ပြန်သည့်အနေဖြင့် တိုက်ခိုက်မှုကြီး တစ်ခုပြုလုပ်


(နိုင်ငံတကာ) ဒီဇင်ဘာ ၁၄

ရုရှားက ယူကရိန်း၏တိုက်ခိုက်မှုကို တုံ့ပြန်သည့်အနေဖြင့် ဒီဇင်ဘာလ ၁၂ ရက် ညပိုင်းတွင် ယူကရိန်း နိုင်ငံအပေါ် တိုက်ခိုက်မှုကြီးတစ်ခုကို လုပ်ဆောင်ခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာန က ဒီဇင်ဘာလ ၁၃ ရက်တွင် ထုတ်ပြန်သည်။

ယူကရိန်းက အမေရိကန်နိုင်ငံထုတ် ATACMS ဒုံးကျည်အသုံးပြု၍ တာဂန်ရော့မြို့အနီး ရှိ စစ်ဘက်လေယာဉ်ကွင်းတစ်ခုကို တိုက်ခိုက်သည့်အတွက် ယခုလို လက်တုံ့ ပြန်တိုက်ခိုက်ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရုရှားက လုပ်ဆောင်သည့်တိုက်ခိုက်မှုတွင် ယူကရိန်းရှိ စစ်ဘက်ဆိုင်ရာ စက်မှုလုပ်ငန်းအား အထောက်အပံ့ပြုလျက်ရှိသည့် အရေးပါသော လောင်စာနှင့်စွမ်းအင်အခြေခံ အဆောက်အအုံ များကို ပစ်မှတ်ထားခြင်း ဖြစ်ကြောင်းနှင့်ယင်းသို့တိုက်ခိုက်ရာတွင် တိကျမှုမြင့်မားသော တာဝေးပစ်ရေပြင်၊ ဝေဟင်အခြေပြု လက်နက်များနှင့် မောင်းသူမဲ့လေယာဉ်များကို အသုံးပြုခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်ကို တွေ့ရသည်။

ရုရှား၏တိုက်ခိုက်မှုကြောင့် စွမ်းအင်ဆိုင်ရာအခြေခံအဆောက်အအုံများ ပျက်စီးသွားသည့်အတွက် ကိယက်မြို့တော်အပါအဝင် အခြားသောမြို့များစွာတွင် လျှပ်စစ်ဓာတ် အားပြတ်တောက်မှုများ ဖြစ်ပွားကြောင်း ယူကရိန်းစွမ်းအင်ဝန်ကြီး ကပြောသည်။

ယူကရိန်း၏ တိုက်ခိုက်မှုနှင့်ပတ်သက်၍ ရုရှားက လက်တုံ့ပြန်တိုက်ခိုက် သွားမည်ဟု ရုရှားသမ္မတရုံးမှ ပြောရေးဆိုခွင့်ရှိသူက သတိပေးထားကြောင်း RT သတင်းဌာနတွင် ဖော်ပြထား သည်။

Telegram»…
https://t.me/positiveanglenews

PAN