(ကျန်းမာရေး) ဒီဇင်ဘာ ၁၂

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်၊ ရာဇသင်္ကြန်ရပ်ကွက်၊ ဗိုလ်မင်းရောင်လမ်းရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် ဒီဇင်ဘာ ၁၁ ရက်နေ့ နံနက် ၀၉:၀၀ နာရီအချိန်တွင် တိုင်းရင်းဆေးပညာဦးစီးဌာန၊ ဒလမြို့နယ်တိုင်ရင်းဆေးကုဌာနမှ တိုင်းရင်းဆေးမှူး ဆရာ ဦးတင်ဖြိုးအောင် ဦးဆောင်သော ဆေးကုသရေးအဖွဲ့က ရပ်ကွက်တွင်း ရှိလူနာများကို ကွင်းဆင်း ကုသပေးခဲ့သည်။

ဆက်လက်၍ ဒလမြို့နယ် တိုင်းရင်းဆေးမှူး ဦးတင်ဖြိုးအောင်က လာရောပြသသော လူနာများအား ရောဂါနှင့်ပတ်သက်၍ အသိပညာ တိုးပွားစေရန် ရည်ရွယ်၍ ဆောင်းရာသီ၌ ဖြစ်တတ်သော ရောဂါများကို တိုင်းရင်းဆေးပညာအမြင်ဖြင့် ဟောပြောခဲ့သည်။ အဆိုပါတိုင်းရင်းဆေးဖြင့် ကွင်းဆင်း ကုသရေးသို့ ရာဇသင်္ကြန်ရပ်ကွပ်မှ လာရောက်ပြသသောလူနာဦးရေမှာ ကျား (၁၄) ဦး၊ မ (၃၃)ဦး၊ စုစုပေါင်း (၄၇) ဦး ဖြစ်ကြောင်းသိရသည်။ အဆိုပါ ကွင်းဆင်းကုသရေးနှင့် ဟောပြောပွဲအား ရာဇသင်္ကြန် အုပ်ချုပ်ရေးမှူး ဦးအေးဝင်းနှင့် အုပ်ချုပ်ရေးအဖွဲ့ဝင်များက ဝိုင်းဝန်းကူညီ ပံပိုးခဲ့ကြောင်းသိရသည်။

တိုင်းရင်းဆေးပညာဦးစီးဌာန၏ လမ်းညွှန်မူဖြင့် ဒလမြို့နယ် တိုင်ရင်းဆေးကုဌာနမှ တိုင်းရင်းဆေးမှူး ဆရာ ဦးတင်ဖြိုးအောင် ဦးဆောင်သော ဆေးကုသရေးအဖွဲ့သည့် နှစ်စဥ် (၁ )လပိုင်းစတင်၍ ယနေ့ (၁၂)လ ပိုင်းအထိ ဒလမြို့နယ်၊ ရပ်ကွက်၊ ကျေးရွာများရှိ ဘုန်းကြီးကျောင်း၊ ဓမ္မာရုံနှင့် ရပ်ကျေးအုပ်ချုပ်ရေးမှူးရုံးများတွင် ကွင်းဆင်းကုသ ပေးခဲ့ကြောင်း သိရသည်။

ဒလမြို့နယ် တိုင်းရင်းဆေးကုဌာန (တိုင်းရင်းဆေးခန်း)ကို ဒလ-တွံတေးကားလမ်းမကြီးဘေး၊ကမာကဆစ်ရပ်ကွက်၊ နာရီစင်အနီး၊ မြို့နယ် မီးသတ်ရုံး တစ်ကွက်ကျော်တွင် နေ့စဥ် အစိုးရ ရုံးဖွင့်ရက်၊ ရုံးအချိန်အတိုင်း နံနက် ၀၉:၀၀ နာရီမှ ညနေ ၀၃:၀၀ နာရီအထိ၊ တနလာ်နေ့ မှ သောကြာနေ့ထိ ဖွင့်လှစ်ကုသပေးပြီး၊ စနေ၊တနဂ်နွေ၊ အစိုးရ ရုံးပိတ်ရက်ပိတ်ကြောင်း သိရသည်။
သန်းဇော်ဦး ဒလ
Telegram»…
https://t.me/positiveanglenews