(နိုင်ငံတကာ) ဒီဇင်ဘာ ၁၁
ဆီးရီးယား နိုင်ငံအခြေအနေနှင့်ပတ်သက်၍ ဆွေးနွေးရန် ကုလသမဂ္ဂလုံခြုံရေးကောင်စီက ဒီဇင်ဘာလ ၉ ရက်တွင် အရေးပေါ် အစည်းအဝေးတစ်ရပ် ခေါ်ယူခဲ့ကြောင်း သိရသည်။
ဆီးရီးယားနိုင်ငံ၏အပြောင်းအလဲများမှာ မြန်ဆန်လွန်းတာကြောင့် ဆက်လက်စောင့်ကြည့်ရေးမူ ကျင့်သုံးရေးအတွက် ကုလသမဂ္ဂလုံခြုံရေးကောင်စီ အဖွဲ့ဝင်နိုင်ငံများက အဆိုပါ တံခါးပိတ်အစည်းအဝေး၌ သဘောတူခဲ့သည်။
အလားတူ ဆီးရီးယားနိုင်ငံ၏ နယ်မြေ တည်တံ့ခိုင်မြဲမှုနှင့်ညီညွှတ်မှုတို့ကို ထိန်းထားနိုင်ရေး၊ အရပ်သားများကို အကာအကွယ်ပေးနိုင်ရေးနှင့်လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီ ပေးပို့ခွင့်ရရေးတို့မှာလည်း အရေးကြီးကြောင်း လုံခြုံရေးကောင်စီအဖွဲ့ဝင် နိုင်ငံများက သဘောတူခဲ့ကြသည်။
ဒီဇင်ဘာလ ၉ ရက်လုံခြုံရေးကောင်စီ တံခါးပိတ်ဆွေးနွေးပွဲကို လုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံဖြစ်သည့် ရုရှားနိုင်ငံ၏တောင်းဆိုချက်အရ ကျင်းပခဲ့ခြင်း ဖြစ်သည်။
ရုရှားနိုင်ငံသည် ဆီးရီးယားနိုင်ငံ၏ အဓိကမဟာမိတ်နိုင်ငံအဖြစ် နှစ်ပေါင်းများစွာရပ်တည်ခဲ့သောနိုင်ငံ ဖြစ်သည်။ ဆီးရီးယားသမ္မတ အာဆတ်သည် ဒမတ်စကတ်မြို့ကို သူပုန်တပ်ဖွဲ့များက ဒီဇင်ဘာလ ၈ ရက်တွင် ထိန်းချုပ်ခဲ့ပြီးနောက် ရုရှားနိုင်ငံ၌ ခိုလှုံလျက်ရှိ ကြောင်း RT သတင်းဌာနတွင် ဖော်ပြထားသည်။
Telegram»…
https://t.me/positiveanglenews